မြန်မာ့ဆောက်လုပ်ရေးဖွံ့ဖြိုးစေရန် စင်ကာပူနည်းပညာပေးမည်
မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေး လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် စင်ကာပူနိုင်ငံမှ ပညာရှင်များက နည်းပညာများ မျှဝေ ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းတွဲဖက်အတွင်းရေးမှူး ဦးကျော် ကျော်စိုး က ပြောသည်။''လာမယ့် မေ ၂၆ ရက်ကနေ ၂၈ ရက်အထိ ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်း စင်တာ(MCC)မှာBuild Tech Yangon 2016 ကို မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း နဲ့ စင်ကာပူပရက်စ်ဟိုးဒင်းရဲ့ လုပ်ငန်း ခွဲတစ်ခုဖြစ်တဲ့ Sphere Exhibits တို့ ပူးပေါင်းကာ ကျင်းပသွားဖို့ရှိပါတယ်။ ဒီပြပွဲမှာ စင်ကာပူနိုင်ငံက ပညာရှင် တွေအနေနဲ့ မြန်မာ့ဆောက်လုပ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံတွေ၊ ဗဟုသုတတွေ၊ Engineering အသိပညာဗဟုသုတ တွေ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒီအချိန်က အရေးကြီးပါတယ်။ ကျွန်တော် တို့နိုင်ငံမှာ ဒီလိုဆောက်လုပ်ရေး လုပ်ငန်းတွေအပါအဝင် လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ နည်းပညာတွေ အများကြီး လိုအပ်ပါတယ်။ စင်ကာပူ ပညာရှင်တွေအနေနဲ့ နည်းပညာကောင်း တွေ ဖြန့်ဝေပေးနိုင်မယ်လို့ မျှော်လင့် ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားသည်။အဆိုပါ ပြပွဲတွင် ပြခန်းပေါင်း ၆ဝ ပါဝင်ပြီး သြစတြီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူတို့မှ အပါအဝင် လူပေါင်း ၄၅ဝဝ လာရောက် ကြည့်ရှုနိုင်ရန် မျှော်မှန်းထားသည်။အဆောက်အအုံ ဆောက်လုပ်ရေးကဏ္ဍသည် မြန်မာ့ဆောက်လုပ်ရေးကဏ္ဍ ၌ ဒုတိယအကြီးဆုံး ဈေးကွက်ဖြစ်လာ ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၆၅ သန်းဖိုးရှိကြောင်း သိရသည်။မြန်မာနိုင်ငံတွင် အိမ်ရာများသာ မက အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်လာအောင် အစိုးရသစ် အနေဖြင့် ကြိုးပမ်းလုပ်ဆောင်လျက် ရှိရာ အဆောက်အအုံသစ်များ၊ လမ်းသစ် များအပြင် လျှပ်စစ်ဓာတ်အားပေး ကွန်ရက်များ စနစ်တကျဖွံ့ဖြိုးလာဖွယ်ရှိသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ တိုးလာမှု ကြောင့် ရုံးခန်းနှင့် နေအိမ်လိုအပ်ချက် များလည်း မြင့်တက်လာဖွယ်ရှိသည်။Source: MOI Webportal Myanmar
Facebook comments