အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခြင်းခေတ္တရပ်ဆိုင်းရန် ညွှန်ကြားချက်ကြောင့် ဆောက်လုပ်ရေးလောက ရပ်ဆိုင်းသည်အထိ ထိခိုက်နိုင်ဟုဆို
အထပ်မြင့်အဆောက် အအုံများနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး အစိုးရ၏ ညွှန် ကြားချက်အသစ်ကြောင့် ရန်ကုန် မြို့တွင်အထပ်မြင့်အဆောက်အ အုံတစ်ရာကျော် ရပ်ဆိုင်းထား သောကြောင့် ဆောက်လုပ်ရေး လောကရပ်ဆိုင်းသည်အထိ ထိ ခိုက်လာနိုင်သည်ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။ရန်ကုန်မြို့တော်စည်ပင်က မူအားဖြင့်ခွင့်ပြုထားပြီး စတင် တည်ဆောက်နေသည့်အထပ် မြင့်အအဆောက်အအုံများကိုမြေ ပြင်စစ်ဆေးရေးအဖွဲ့က ပြန်လည် စစ်ဆေးမှုပြုလုပ်ရန် ရန်ကုန်မြို့တွင်းအထပ်မြင့်တည်ဆောက်နေခြင်းများ ခေတ္တရပ်ဆိုင်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့်အဆောက်အအုံဌာနက မေလ ၁၄ရက်၌ ထုတ်ပြန်ကြေညာသည်။ယခုအခါ မြို့ပြဖွံ့ဖြိုးမှု အင်္ဂါရပ်နှင့် ကိုက်ညီစေရန်၊ ပိုမိုစနစ် တကျရှိစေရန် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ဖွဲ့ပြီး အထပ်မြင့်အ ဆောက်အအုံများ ဆောက်လုပ် ခွင့်ကို အသေးစိတ်စစ်ဆေးတော့ မည်ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ကြေ ညာခဲ့သည်။ ထို့အပြင် ယင်းအဖွဲ့ က ကွင်းဆင်းစစ်ဆေးပြီး သတ် မှတ်ချက်နှင့် ကိုက်ညီမှသာ ဆက်လက်ဆောက်လုပ်ခွင့်ပြုမည်ဖြစ် ကြောင်း အဆိုပါကြေညာချက် တွင် ပါရှိသည်။‘‘အထပ်မြင့်အဆောက်အ အုံတွေ ရပ်တာက စီးပွားရေးလော ကကို တော်တော်ဂယက်ရိုက်ပါ တယ်။ အသင်းကဆောက်လုပ် ရေးလုပ်ငန်းရှင်တွေကိုယ်စား ရန် ကုန်တိုင်းအစိုးရကိုရော၊ လွှတ် တော်ကိုရောတင်ပြပြီး ညင်ညင် သာသာလေးဖြစ်ထွန်းသွားအောင်လုပ်သွားပါမယ်’’ဟု ဦးကျော်ကျော်စိုးကပြောသည်။စင်ကာပူ Sphere Exhibits နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက ဦးဆောင်ကျင်းပမည့် ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာပြပွဲ Build TechYangon 2016 အကြို သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်ကျော်စိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။ယခုကြေညာချက်သည် အ စိုးရအနေဖြင့် လုပ်ကိုင်သင့်သည့် ကိစ္စဖြစ်ပြီး အချို့ဆောက်လုပ် ရေးလုပ်ငန်းများသည် ပရောဂျက် ကို စည်ပင်သာယာဌာနသို့စနစ် တကျတင်ပြခြင်းမရှိဘဲ ယခင်အ စိုးရ၏ ခွင့်ပြုချက်၊သဘောတူညီမှု များဖြင့် ဆောက်လုပ်နေမှုများရှိ နေသည်ဟု ၎င်းကဆိုသည်။သို့သော် ဆောက်လုပ်ရေး လုပ်ငန်းသည် လက်ရှိတွင်စီးပွား ရေးကျဆင်းနေသော လုပ်ငန်း တစ်ခုဖြစ်ပြီး အချို့နေရာများ၌ အခန်းများ ဆောက်ထားသော် လည်း မရောင်းရကြောင်းနှင့်ယခု ကဲ့သို့ ဆောက်လုပ်ရေးလောက တွင် ယုံကြည်မှုကျဆင်းနေချိန် ၌ အစိုးရ၏ ကြေညာချက်သည် လုပ်ငန်းများရပ်ဆိုင်းသည်အထိ ဖြစ်သွားနိုင်ကြောင်း ဦးကျော်ကျော်စိုးက ဆက်လက်ပြောသည်။ထို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက ရန် ကုန်တိုင်းဒေသကြီးလွှတ်တော်မှ တစ်ဆင့် အစိုးရနှင့် ညှိနှိုင်းဆောင် ရွက်ရန်ကြိုးစားမည်ဟုဆိုသည်။ရန်ကုန်တွင် အထပ်မြင့်အ ဆောက်အအုံများခွင့်ပြုရာ၌ ၁၃ ထပ်အောက်အဆောက်အအုံများ ကို YCDCက တိုက်ရိုက်စစ်ဆေး ကိုင်တွယ်ခွင့်ပြုနေပြီး ၁၃ထပ်နှင့် အထက်အဆောက်အအုံများကိုမူ အထပ်မြင့်အဆောက်အအုံများ စစ်ဆေးရေးကော်မတီက စစ်ဆေးပြီးရန်ကုန်တိုင်းအစိုးရအဖွဲ့က တိုက်ရိုက်ခွင့်ပြုနေခြင်းဖြစ်သည်။၂၀၁၆အတွက် ရန်ကုန်မြို့ တွင် မူအားဖြင့်ခွင့်ပြုထားသည့် အထပ်မြင့်အဆောက်အအုံအချို့ သည် ယခင်အစိုးရလက်ထက်က ခွင့်ပြုခဲ့ခြင်းကြောင့် ပြန်လည်စစ် ဆေးခြင်းဖြစ်နိုင်ကြောင်း ဧရာထူးဆောက်လုပ်ရေးကုမ္ပဏီမှ ဦးစိုင်းကျော်နိုင်က သုံးသပ်သည်။‘‘တချို့အထပ်မြင့်စီမံကိန်း တွေက ဈေးကွက်လိုအပ်ချက်ကို ကြည့်ပြီး အသည်းအသန်ဆောက် ကြတော့ မဆောက်သင့်တဲ့နေရာ တွေမှာ ဆောက်ဖို့လုပ်နေတာတွေ လည်းရှိတော့ ပြန်စစ်တာကောင်း ပါတယ်’’ဟု ၎င်းကဆိုသည်။Source : 7Day Daily
Facebook comments