09-261334475

မြေယာနဲ့ မြေပုံစာရင်း ကွဲလွဲတာ ၊ ဌာနပိုင်မြေကိစ္စတွေ ရှင်းလင်းဖို့လိုအပ်နေ

မြေယာနဲ့မြေပုံမြေစာရင်းကွဲလွဲနေတာတွေ မှန်ကန်ဖို့လိုပြီး ဌာနပိုင်မြေကိစ္စတွေကိုလည်း ရှင်းလင်းဖို့လိုအပ်နေတယ်လို့ သိရပါတယ်။

မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ‘တချို့မြေတွေက ဌာနပိုင်အမည်ပေါက်တွေနဲ့ ဖြစ်နေတော့ ဌာနတွေက ပိုင်တယ်ပဲမြင်နေတာ ၊ ဒီကိစ္စကလဲ ရှင်းဖို့လိုတယ် ၊ အစိုးရပေးတဲ့မှုလရည်ရွယ်ချက်အတိုင်း မလုပ်ဆောင်ရင် ပြန်အပ်ရမယ့် ဟာတွေကို လုပ်ချင်တိုင်းလုပ်လို့ရတယ်ထင်နေတာ’လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင်းတချို့နေရာတွေမှာ ဌာနဆိုင်ရာတွေရဲ့ မြေတွေအဖြစ် သတ်မှတ်ထားကြတာတွေရှိတယ် ။ မြေယာစီမံခန့်ခွဲမှုဥပဒေမှာ ဌာနဆိုင်ရာကို ရည်ရွယ်ချက်နဲ့ လုပ်ငန်းလုပ်ဖို့ အစိုးရကချပေးထားတာကို မလုပ်ဆောင်ရင် ပြန်အပ်ရမှာလို့ သိရပါတယ်။

အထက်တန်းရှေ့နေ မသီတာက ‘ဌာနဆိုင်ရာတွေအတွက် ချပေးထားတာကို လုပ်ငန်းအလုပ်ရင်ပြန်အပ်ရတဲ့ ဥပဒေရှိပြီးသားပါ ၊ လယ်ယာမြေ ၊ စက်မှုဇုန်မြေ ၊ ဥယျာဉ်ခြံမြေ ဒါတွေအားလုံးက ချပေးထားတဲ့ သတ်မှတ်ပေးထားတဲ့အတိုင်း မလုပ်ဆောင်ရင် ပြန်အပ်ရတာပါ ။ 
မြေယာပြသနာအများစုက ဒါတွေကြောင့်ပဲဖြစ်နေတာ ။ မြေယာအားလုံးက နိုင်ငံပိုင်မြေတွေပါပဲ’ လို့ရှင်းပြပါတယ်။

မြေယာမြသနာတွေဖြစ်နေတာကလည်း အပိုင်တဲ့သူတွေဆီကနေ မသိတဲ့သူတွေက ဝယ်နေကြတဲ့အဖြစ်တွေကြောင့် လို့ပြောပါတယ်။

တချို့နေရာတွေမှာ မြေယာစီမံခန့်ခွဲနေတဲ့ မြေပုံတွေနဲ့ မြေပြင်စာရင်းတွေ မကိုင်ညီတာတွေကိုလည်း ပြန်လည်ပြုပြင်သင့်ပြီး မြေယာစီမံခန့်ခွဲမှုစာရင်းမြေပုံတွေကို လက်ရှိကာလနဲ့ကိုက်ညီအောင် ပြုလုပ်ဖို့လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

စီပွားရေးနဲ့ ဥပဒေလမ်းညွန်ဦးတင်သန်းဦးက ‘မြေစာရင်း မြေပုံတွေတိကျသေချာမှုတွေရှိဖို့ လိုအပ်နေတာ ၊ မြေပုံစကေးတွေကအစ မတူညီတာတွေရှိတယ် ၊ ဌာနပိုင်မြေကိစ္စကတော့ ဥပဒေအတိုင်းသေချာအစိစစ်ခဲ့မှုတွေ မလုပ်ဆောင်ခဲ့မှုတွေကြောင့်ပါ ၊ ဒါတွေကို ပြန်လည်ပြင်ဆင်ဖို့လိုအပ်တယ်’လို့ ပြောပါတယ် ။

Source: The Kumudra

Facebook comments