09-261334475

အစိုးရသစ်လက်ထက် အဆောက်အအုံ တည်ဆောက်ခွင့် ၆၈ လုံးအထိ ခွင့်ပြုထား

အစိုးရသစ်လက်ထက်အဆောက်အအုံတည်ဆောက်ခွင့် ၆၈ လုံးအထိ ခွင့်ပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ကသိရပါတယ်။

အစိုးရသစ်တာဝန်စယူတဲ့ ဧပြီလ ၁ရက်နေ့ကနေ သည်နေ့အထိ အဆောက်အအုံ အမြင့်တစ်ထပ်ကနေ ရှစ်ထပ်ခွဲအထိ ၆၈လုံးကို တည်ဆောက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ကိုးထပ်နဲ့အထက် အထပ်မြင့်အဆောက်အအုံတွေကိုတော့ အစိုးရသစ်လက်ထက်မှာ ခွင့်ပြုပေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က ကိုးထပ်ကနေ ၃၄ ထပ်အထိ အထပ်မြင့်အဆောက်အအုံ ၁၈၇ လုံးခွင့်ပြုထားပြီး ၆၃လုံးက တည်ဆောက်ခွင့်ပါမစ်ကျပြီးသားဖြစ်ပါတယ်။ ကျန် ၁၂၄ လုံးကတော့ မှုအားဖြင့်တည်ဆောက်ခွင့်ပြုခဲ့တာပါ။

လက်ရှိမှုအားဖြင့် ခွင့်ပြုမိန့်ပေးထားတဲ့ ကိုးထပ်နဲ့အဆောက်အအုံတွေကို မြို့ပြအင်္ဂါရပ် ၊ ဖွံ့ဖြိုးမှုနဲ့ကိုက်ညီဖို့ အသေးစိတ်စစ်မှာဖြစ်ပါတယ် ။ မှုအားဖြင့်ခွင့်ပြုမိန့်ရထားတဲ့ အဆောက်အအုံတွေကို တည်ဆောက်ခွင့်ခေတ္တရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

Source: The Kumudra

Facebook comments