09-261334475

လယ်လုပ်သူတိုင်း လယ်ယာမြေ အကျိုးခံစားခွင့်

လယ်ယာမြေများကို ဥပဒေနှင့်အညီမဟုတ်ဘဲ အကွက်ရိုက်ခြံခတ်ခြင်း များပြုလုပ်ထားပါက လယ်ယာမြေ ဥပဒေအရ အရေးယူမည့်အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးနှင့် ပြင်ဦးလွင်မြို့နယ်၌ စတင်ဆောင်ရွက် တော့ မည်ဖြစ်ကြောင်း သိရသည်။

လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင် ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဥယျာဉ်မြေဟု သော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေဟု သော် လည်းကောင်း၊ မြေနု ကျွန်းပေါ်၌သော်လည်းကောင်း သတ်မှတ် ထားသည့်မြေများဟု ဆိုထားသည်။ လယ်မြေဆိုသည်မှာ သဘာဝအရ သော်လည်းကောင်း၊ လူတို့ဖန် တီးထားသော နည်းလမ်းအရသော် လည်းကောင်း စိုက်ပျိုးရေ ရယူပြီး ရေရှည်ထေိန်း သိမ်းနိုင်စေရန် ဆောင်ရွက် ထားသည့် စပါးသီးနှံအဓိကစိုက်ပျိုးသောမြေကို ဆိုလိုသည်ဟု ဥပဒေတွင် ဖွင့်ဆိုထားသည်။

လယ်ယာမြေပိုင်ဆိုင်ခွင့်ဆိုသည်မှာ နိုင်ငံတော်သည် မြေယာ အားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့် မားစေရန်အလို့ငှာ ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းကိုဆိုသည်။ 

ထို့အတူ လယ်ယာ မြေလုပ်ပိုင်ခွင့်ရရှိသူများ လိုက်နာရမည့်စည်းကမ်းချက်များကိုလည်း ပြဋ္ဌာန်းထားသည်။ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ဦးစီးဌာနကသတ်မှတ်သည့် လုပ်ထုံးလုပ်နည်းများ အတိုင်းသာ ဆောင်ရွက် ရမည်ဖြစ်သည်။ 

တောင်သူ များအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှု အရင်း အနှီးအတွက်သာ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ်ပြုသော ဘဏ် တွင်သာ ပေါင်နှံ ရမည်ဖြစ်သည်။ လယ်ယာ မြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း သုံးစွဲခြင်းမပြု ရဟူ၍ ဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားသည်။

တစ်ဖက်တွင်လည်း တောင်သူလယ်သမား အခွင့်အရေးကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ၂၀၁၃ ကို ပြဋ္ဌာန်းကာ တောင်သူ လယ်သမားများ အကျိုးကို ဆောင်ရွက်ပေးထားသည်။ ထို့အပြင် အမှန်တကယ်လုပ်ကိုင်နေသော လယ်ယာမြေများကို အဓမ္မ သိမ်းဆည်းခြင်း မပြုရေးနှင့် သိမ်းဆည်းထားသော လယ်ယာမြေများ ကို ပြန်လည် စွန့်လွှတ်ပြီး တောင်သူလယ်သမားများထံ ပြန်လည်ပေးအပ် နေသည်ကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် လယ်ယာမြေပြဿနာများမှာ နှစ်ရှည်လများ စွဲကပ်ခဲ့သော နာတာရှည်ရောဂါသဖွယ် ဖြစ်ခဲ့သည်။ လယ်လုပ်သူတို့ လယ်မလုပ်နိုင်ခြင်းမှာ ပထမအကြောင်းတစ်ချက်ဖြစ်ခဲ့ပြီး လယ်ယာ မြေများကို အဓမ္မ သိမ်းဆည်းခြင်းမှာ ဒုတိယအကြောင်းတစ်ချက် ဖြစ်ခဲ့သည်။ မူလ လယ်ယာလုပ်ကိုင်ခဲ့သူ တောင်သူ လယ်သမားမှာ လယ်ယာ ထွက်ကုန်များတွက်ခြေမကိုက်သဖြင့် ၎င်းတို့ လယ်ယာမြေ များကို ရောင်း ချခြင်းမှ အစပြုသည်။ နောက်လယ်ယာမြေများကို သိမ်းဆည်းကာ အဆောက်အအုံနှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းများ ရှိလာခဲ့သည်။

အမှန်တွင် လယ်ယာမြေဆိုသည်မှာ ဥပဒေတွင်ပြဋ္ဌာန်းထားသည့်အတိုင်း လယ်ယာလုပ်ကိုင်ရန်အတွက် မူရင်းပိုင်ရှင်နိုင်ငံတော်ကချ ထားပေးခဲ့ခြင်းဖြစ် သည်။ အခြားမည်သည့်နည်းနှင့်မျှ လွှဲပြောင်းအသုံးချခွင့်မရှိချေ။ သို့သော် နှစ်ပေါင်းများစွာ ဥပဒေကိုအလွဲသုံးစားလုပ်ခဲ့သောကြောင့် လယ်ယာမြေပြဿနာများမှာ ယနေ့ထက် တိုင်ဖြေရှင်းမ ရနိုင်သော ပြဿနာများဖြစ် ခဲ့သည်။ ယခု သက်ဆိုင်ရာအစိုးရအဖွဲ့က လယ်ယာမြေပြ ဿနာများကို စတင်ကိုင်တွယ်နေပြီဖြစ်ရာအဖွဲ့အစည်း
အားလုံးပူးပေါင်းပါဝင်ပြီး ဥပဒေနှင့်အအညီ တိတိကျကျ စိတ်ရှည်လက်ရှည်ဆောင်ရွက်နိုင်စေ ရန် ဖြစ်ပါကြောင်း။ ။

Source: MOI Webportal Myanmar

Facebook comments