မြေရှင်တွေလည်း အရစ်ကြနဲ့ရောင်းကြ
အကျိုးတူကန်ထရိုက်တိုက်ခန်း အရောင်းကို ကန်ထရိုက်တာတွေသာမက မြေရှင်တွေပါ အရစ်ကျပုံစံနဲ့ ဝယ်လက်ရှာလာတာတွေရှိနေတယ်လို့ မြေရှင်တချို့ဆီက သိရပါတယ်။‘အခုက တိုက်ခန်းအရောင်းကို ဈေးနှုန်းတွေတင်ပြီး ရောင်းကြတော့ အနီးနားတိုက်ခန်းအချင်းချင်းကို ဈေးလျော့ပြီးရောင်းကြတယ် ၊ အရင်ကျကိုလဲ ကြိုပွိုင့်မဟုတ်ဘဲ အားလုံးပြီးနေတဲ့ တိုက်ခန်းတွေကို တန်ဖိုးရဲ့သုံးပုံတစ်ပုံပေးပြီးတာနဲ့ ကျန်ငွေကို အခန်းမှာနေရင်း အရစ်ကျပေးတာတွေရှိတယ်’လို့ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ မြေရှင်ဦးချိုဝင်းက ပြောပါတယ်။တောင်ဥက္ကလာပမြို့နယ်ရဲ့ တိုက်ခန်းဈေးနှုန်းတွေကတော့ အထပ်ပေါ်မှုတည်ပြီး ဈေးနှုန်းပြောင်းလဲမှုတွေ ရှိပါတယ်။ ဆောက်လုပ်ပြီး အသင့်နေထိုင်နိုင်တဲ့ တိုက်ခန်းဈေးနဲ့ ဆောက်လက်စ တိုက်ခန်းဈေးတွေက ကျပ်သိန်း ၃၀ လောက်ကွာခြားပြီး အများစုကတော့ အသင့်နေထိုင်နိုင်တဲ့ တိုက်ခန်းကို ကြိုက်နှစ်သက်မှုများတယ်လို့လည်း သိရပါတယ်။အရစ်ကျပုံစံတွေကတော့ ကျပ်သိန်း ၂၅၀ တိုက်ခန်းကို ပထမအရစ်ကျ ကျပ်သိန်း ၁၀၀ ကျော်ပေးသွင်းရပြီး ကျန်တဲ့ငွေကို တစ်လငါးသိန်းနဲ့ အရစ်ကျပေးချေရတာဖြစ်ပါတယ်။ အရစ်ကျပေးချေနေစဉ်မှာ အခန်းမှာနေထိုင်ခွင့်ပြုထားတာဖြစ်လို့ အခန်းငှားခသက်သာတာကြောင့် ဝယ်ယူသူတွေရှိတယ်လို့လည်း သိရပါတယ်။ သည်လိုအရစ်ကျတွေကိုတော့ မြေရှင်ကိုယ်တိုင်ရောင်းချတာများပြီး စိတ်ဝင်စားမှုများကြတယ်လို့ သိရပါတယ် ။Source: The Moldern
Facebook comments