ဈေးကွက်ပျက်ရတဲ့ အကြောင်းပေါင်းစုံခဲ့တဲ့ မြန်မာ့အိမ်ခြံမြေဈေးကွက်
ရအောင်မြေရှင်နဲ့ ကန်ထရိုက်တာအကျိုးတူဆောက်လုပ်မှုတွေပါ ။ မြေရှင်တွေကလည်း ပိုက်ဆံရမယ်ဆိုတဲ့အတွေးနဲ့ သေချာမသိဘဲ ဆောက်လုပ်ကြပြီး စာရွက်စာတမ်းတွေလိမ်သွားတာ ၊ ကန်ထရိုက်တာက ပေါင်လိုက်တာ ၊ လုပ်ငန်းမလုပ်တော့ဘဲ ကြိုပွိုင့်ငွေယူသွားတာ ၊ တရားမဝင်ဆောက်တာစတဲ့ ပြဿနာတွေပါ ဆင့်ပွားလာတာပါ ။ကန်ထရိုက်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးတင်မောင်ဝင်းက ‘အားလုံးသိတဲ့အတိုင်း နာမည်ကြီးဆောက်လုပ်ရေးကုမ္ပဏီရဲ့ အမှုက ဆောက်လုပ်ရေးဈေးကွက်ကို ပိုပြီးဆိုးရွားသွားစေတယ် ၊ နောက်ကြိုပွိုင့်စနစ်နဲ့ ရောင်းတဲ့အခန်းတွေကြောင့်လဲပါတယ် ၊ တကယ်ရိုးရိုးသားသားလုပ်ကြတာရှိပေမဲ့ တချို့တစ်နပ်စားကန်ထရိုက်တာတွေကြောင့် ဈေးကွက်ပျက်ခဲ့တာ’လို့ ပြောပါတယ်။အိမ်ခြံမြေဈေးကွက်က အရောင်းသာရှိပြီး အဝယ်မရှိတော့ဘဲ ဈေးကွက်ပျက်နေရတဲ့ အကြောင်းအရာတွေက ဆက်နွယ်မှုတွေများတယ်လို့သိရတယ် ။ ဈေးကွက်ရဲ့ပရမ်းပတာဖြစ်ပျက်နေတာတွေကို အစိုးရက အခွန်ဥပဒေတွေ ၊ သတ်မှတ်ချက်အသစ်တွေနဲ့ ထိန်းချုပ်မှုတွေကတည်း ဈေးကွက်အေးစေတာလို့ အကျိုးဆောင်တချို့ ပြောပါတယ်။ဝသုန်အကျိုးဆောင်က ဦးမောင်ဝင်းက ‘မြေဈေးတွေကြီးပြီး အိမ်ခြံမြေဈေးကွက်ရဲ့ အကျိုးဆက်က နောက်ဆုံးသွားတာက အိမ်ငှားခဈေးမြင့်လာတဲ့ဆီကိုပဲ ၊ အခုဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ကလဲ မြေဈေးကြောင့် စောင့်ကြည့်နေကြတာတွေလဲရှိတယ်’ လို့ ပြောပါတယ် ။Source: The Modern
Facebook comments