09-261334475

မြန်မာ့အိမ်ခြံမြေ ပြည်ပအရောင်းပြပွဲတွေ ပိုမိုပြုလုပ်ပေးသင့်

မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက် ဖြန့်ကြက်မှုတွေအနေနဲ့ အရောင်းပြပွဲတွေကို စင်ကာပှုနိုင်ငံမှာသာမက ထိုင်းနဲ့ ဂျပန်နိုင်ငံတွေမှာပါ သွားရောင်ပြသသင့်တယ်လို့ သိရပါတယ်။

‘မြန်မာနိုင်ငံသားတွေ အများဆုံးသွားရောက်အလုပ်လုပ်ကိုင်တဲ နိုင်ငံတွေမှာ မားကက်တင်းသွားသင့်တယ် ၊ ထိုင်းနိုင်ငံမှာဆိုရင် ငွေကြေးစုဆောင်းမိတဲ့ မြန်မာနိုင်ငံသားတွေ အများကြီးရှိပြီး အိမ်နီးချင်းနိုင်ငံလဲဖြစ်လို့ သွားရောက်သင့်တယ်’လို့ စီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်ကပြောပါတယ်။

မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးနေမှုတွေကြောင့် ဈေးကွက်ချဲ့ထွင်မှုတွေအနေနဲ့ ပြည်ပနိုင်ငံတွေမှာ သွားရောက်ပြသသင့်တာဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားအများစုက အရင်က စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေမှာ အများဆုံးလုပ်ကိုင်ကြပေမဲ့ အခုနောက်ပိုင်းမှာတော့ ဂျပန်နိုင်ငံဘက်မှာပါ သွားရောက်လုပ်ကိုင်ကြတာတွေ ရှိနေလို့ စုဆောင်းငွေအများဆုံးရှိနိုင်တဲ့ နိုင်ငံတွေမှာ ပြပွဲတွေသွားရောက်လုပ်ကိုင်သင့်တာ ဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေမှာ လက်ရှိသွားရောက်ပြသတဲ့ အိမ်ခြံမြေ အမျိုးအစားတွေကတော့ ကွန်ဒိုနဲ့ အဆင့်မြင့်အိမ်ရာတိုက်ခန်းတွေများပြားပြီး မြေကွက်နဲ့ သာမန်လုံးချင်းအိမ်ရာတွေ နည်းပါးနေပါတယ်။ ပြည်ပရောက်နိုင်ငံသားတွေအနေနဲ့ အဆင့်မြင့်အိမ်ရာတွေအပြင် သာမန်တိုက်ခန်းလိုနေရာတွေကိုလည်း ကြိုက်နှစ်သက်တာကြောင့် ဈေးနှုန်းသင့်တင့်တဲ့ တိုက်ခန်းဈေးကွက်တွေလည်း နိုင်ငံတကာဈေးကွက်မှာ သွားရောက်ထိုးဖောက်သင့်တယ်လို့ သိရပါတယ်။

Source: The Modern

Facebook comments