09-261334475

ခရီးသွားနည်းတဲ့ရာသီ ဟိုတယ်ခတွေ ဈေးထပ်မကျအောင် ဘယ်လိုထိန်းမလဲ

ခရီးသွားဝင်ရောက်မှုနည်းတဲ့ရာသီမှာ ဟိုတယ်အခန်းငှားရမ်းမှုနှုန်းတွေကို လက်ရှိထက် အောက်မကျသွားအောင် ဆက်လက်ထိန်းသိမ်းနိုင်မယ့် အချက်တွေရှိပါတယ်။
ပြည်တွင်းခရီးသွားလုပ်ကိုင်သူတွေအနေနဲ့ ဧပြီလကုန် ၊ မေလဆန်းပိုင်းတွေကစတင်ပြီး မိုးရာသီကုန်ဆုံးချိန်အထိကို low season (ခရီးသွားနည်းပါးရာသီ) လို့ သတ်မှတ်ထားပါတယ် ။ မိုးအဆက်မပြတ်ရွာသွန်းမှု ၊ ဆိုးရွားတဲ့ရာသီဥတု အခြေအနေတွေကြောင့် ခရီးစဉ်အများအပြားကို ယာယီရပ်နားလေ့ရှိပါတယ် ။ ဒါ့အပြင် အခုနှစ်မှာ သာမာန်ထက်ပိုမိုပှုပြင်းတဲ့ ရာသီကိုဖြတ်ကျော်ခဲ့ရတာကြောင့် Low Season မှာ ဟိုတယ်ငှားရမ်းမှုနှုန်းကို အောက်မကျအောင် ထိန်းသိမ်းဖို့လိုမယ်လို့ ဆိုပါတယ်။

ကွန်ရင်ချဲ့ထွင်ပါ

အခုလိုအချိန်မှာ ကိုယ့်ရဲ့ဖောက်သည်တွေကို ဆွဲဆောင်နိုင်မယ့် အစီအစဉ်အသစ်တွေကို စတင်တိုးချဲ့သင့်ပါတယ် ။ ယခင်နှစ် ခရီးသွားလာမှုကိန်းဂဏန်းသုံးသပ်ချက်တွေအရ ခရီးသည် ၁.၄ သန်းကျော်ထဲက ၅၀ ရာခိုင်နှုန်းဟာ ပြည်တွင်းခရီးသွားတွေဖြစ်ပါတယ် ။ ပြည်တွင်းခရီးသွားတွေအနေနဲ့ နွေ ၊ မိုး ၊ ဆောင် ရာသီမရွှေး သွားလာသူတွေဖြစ်ပါတယ်။ ဟိုတယ်အများစုဟာ ပြည်ပခရီးသွားတွေကိုသာ ဦးတည်ပြီး ဈေးကွက်မြင့်တင်မှုတွေ ပြုလုပ်နေကြပြီး ပြည်တွင်းခရီးသွားတွေအတွက် မေ့လျော့်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ယခုလိုအချိန်မျိုးမှာ ပြည်တွင်းခရီးသွားတွေအတွက် ဈေးကွက်အသစ်ရှာဖွေပြီး ဈေးကွက်မြင့်တက်လာအောင် လုပ်ဆောင်သင့်တယ်လို့ သိရပါတယ်။

အွန်လိုင်းပလက်ဖောင်း

အွန်လိုင်းအသုံးပြုမှု တိုးတက်လာတဲ့ အခုလိုအချိန်မျိုးမှာ အွန်လိုင်းပလက်ဖောင်းကို အသုံးပြုပါ ။ ခရီးသွားလာမှု ဈေးကွက်ချဲ့ထွင်ရာမှာ ပြည်တွင်းခရီးသွားလာမှု မြှင့်တင်မှုမှာ ကျွမ်းကျင်တဲ့ အွန်လိုင်းပလက်ဖောင်းနဲ့ ချိတ်ဆက်သင့်ပါတယ် ။ အွန်လိုင်းပရိုမိုးရှင်းတွေ ပြုလုပ်ပါ ။

လျှော့ဈေးနှုန်းများ

ဟိုတယ်အခန်းခတွေကို အရင်ထက်လျှော့ချပေးထားတယ်ဆိုတဲ့ သတင်းစကားကို ဖောက်သည်တိုင်းက မျှော်လင့်နေပါတယ် ။ ဒါကြောင့် Low Season မှာ ဟိုတယ်အခန်းငှားတိုးတက်ဖို့ လျှော့ဈေးပေးခြင်းက အကောင်းဆုံးဗျူဟာဖြစ်ပါတယ် ။ ဈေးနှုန်းလျှော့ချပေးတာ ၊ ပရိုမိုးရှင်းအစီအစဉ်အသစ်တွေနဲ့ ဖောက်သည်အသစ်တွေကို ရှာဖွေသင့်ပါတယ်။

ဝန်ဆောင်မှု

ဟိုတယ်အတွင်း ဝန်ဆောင်မှုကလည်း အခန်းငှားရမ်းမှုပေါ်မှုတည်ပါတယ် ။ ဟိုတယ်နဲ့ ခရီးသွားလာမှု လုပ်ငန်းတွေဟာ ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တာကြောင့် ကိုယ်ပေးနေတဲ့ ဝန်ဆောင်မှုဟာ လုံလောက်တယ်ဆိုတဲ့ အတွေးမတွေးမိဖို့ အရေးကြီးပါတယ်။ အခုလိုအချိန်မျိုးမှာ မိမိဟိုတယ် ဝန်ဆောင်မှုကို ကောင်းသထက်ကောင်းအောင် မွန်းမံနေရမှာဖြစ်ပါတယ်။ တီထွင်ဆန်းသစ်မှုနဲ့ ဝန်ဆောင်မှု ကောင်းမှုတွေကရော ရာသက်ပန်ဖောက်သည်တွေဖြစ်လာဖို့ အခွင့်အလမ်းအလားအလာတွေ ဖြစ်ပါတယ်။

နည်းပညာအသုံးပြုပါ ခရီးသွားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို နည်းပညာအသုံးပြုပြီး ရှာဖေမှုပြုလုပ်ပါ ။ ဖြစ်နိုင်ရင်တော့ ဟိုတယ်ခရီးနဲ့ပတ်သက်တဲ့ နည်းပညာဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပါ ။ အခြားဟိုတယ်တွေရဲ့ ခရီးသွားဝင်ရောင်မှုကို လေ့လာပါ ။ ခရီးသွားတွေရဲ့ ဟိုတယ်ရွှေးချယ်မှုတွေကို ရှာဖွေပါ။

Source : The Modern

Facebook comments