09-261334475

ပြည်ဦးလွင်မြို့က သစ်တောဧရိယာမှာ အကွက်ရိုက်နေတာတွေကို ဥပဒေအတိုင်း လုပ်ဆောင်မည်ဟုဆို

သစ်တောဧရိယာမှာ အိမ်ကွက်ရိုက်ထားတာတွေရှိလို့ သစ်တောဥပဒေ ၊ နည်းဥပဒေတွေအတိုင်း လုပ်ဆောင်ဖို့ ညွန်ကြားထားတယ်လို့ မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဝန်ကြီးချုပ်မျိုးသစ်က ပြောပါတယ်။

စိုပ်ပျိုးမြေအဖြစ်နဲ့ လုပ်ပိုင်ခွင့်ချထားပေးတဲ့ မြေနေရာတွေမှာ ခြံစည်းရိုးခတ်ပြီး ပြန်လည်ရောင်းချတာတွေ ရှိနေတဲ့အတွက် ပြင်ဦးလွင်မြို့နယ်မှာတော့ အခုလ ၈ ရက်နေ့ကစတင်ပြီး စတင်ရှင်းလင်းနေပါတယ်။

‘သစ်တောမှာလဲ စာချုပ်ပါစည်းကမ်းရှိတယ်၊ စည်းကမ်းအတိုင်းလုပ်စချင်တယ် ၊ အဲဒါဆို မလွဲတော့ဘူး ၊ စည်းကမ်းပါတဲ့ အတိုင်းမလုပ်ကြတဲ့အတွက် အိမ်ခြံမြေအကွက်တွေရောင်းတာ ၊ ဝယ်တဲ့သူကလဲ မြေရရင်ပြီးရောဝယ် ၊ ဥပဒေကို မလေ့လာဘူး ၊ ကျွန်တော်တို့ အစိုးရကတော့ ဥပဒေအတိုင်းလုပ်မှာပဲ’ လို့ မန္တလေးတိုင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောပါတယ်။

ယခင်အစိုးရလက်ထက်က ပြင်ဦးလွင်မြို့နယ်က သစ်တောပိုင်မြေပေါ်မှာ ကော်ဖီစိုက်ဖို့အတွက် မြေနေရာတွေ ချထားပေးခဲပြီး အချို့သူတွေယာ စိုက်ပျိုးမှုမလုပ်ကြဘဲ အကွက်ရိုက်ပြီး ပြန်လည်ရောင်းချတာတွေ ရှိနေတယ်လို့ သိရပါတယ်။

‘သစ်တောစိုက်ခင်းတွေမှာ ကော်ဖီစိုက်တဲ့လုပ်ငန်းတွေရှိတယ် ၊ နောက်တစ်ခုက ဒေသခံအစုအဖွဲ့ပေါ့ ၊ သူကအိမ်ခြံမြေရောင်းသလို လုပ်ဖို့မဟုတ်ဘူး ၊ သစ်ပင်စိုက်ပျိုးရမယ် ၊ ထွက်လာတဲ့ သစ်တောထွက် ပစ္စည်းရောင်းရမယ် ၊ သစ်တောတွေပြုစုရမယ်’လို့ ဦးမျိုးသစ်က ပြောပါတယ်။

လယ်ယာမြေကို လယ်မြေမစိုက်ဘဲ အခြားနည်းလမ်းနဲ့ အသုံးပြုတာတွေ ၊ မြေလွတ်မြေရိုင်းကို အခြားနည်းနဲ့ အသုံးပြုနေတာတွေ ၊ သစ်တောမြေမှာ ကျူးကျော်နေတာတွေကို ဥပဒေအတိုင်းအရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source : The Modern

Facebook comments