09-261334475

မုံရွာစည်ပင်ပိုင်မြေမှာ ကျူးကျော်အသုံးပြုတာကို နှုန်းထားသတ်မှတ် ခွင့်ပြုမည်ဟုဆို

မုံရွာမြို့နယ်စည်ပင်သာယာနယ်နိမိတ်အတွင်းက အိမ်နဲ့လမ်းကြားရှိ မြေကွက်ကို ကျူးကျော်ခင်းကျင်းအသုံးပြုမယ်ဆိုရင် အခကြေးငွေနှုန်းထားတစ်ခု သတ်မှတ်ပြီး ခွင့်ပြုပေးသွားဖို့ ရှိတယ်လို့ မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

စည်ပင်သာယာပိုင်မြေမှာ ကျူးကျော်ပြီး ဈေးရောင်းချတာတွေ ၊ ဝပ်ရှော့ဖွင့်လှစ်တာတွေ ၊ ကြောငြာဆိုင်းဘုတ်တွေ ၊ မီးစက်တွေနဲ့ ထိုင်ခုံတန်းလျားချထားမှုတွေကို အခုလ ၂၂ရက်နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ အသိပေးအကြောင်းကြားစာတွေ ပေးပို့ထားတယ်လို့ ဆိုပါတယ်။

‘အကြောင်းကြားစာတွေလဲ ပို့ထားတယ် ၊ သတ်မှတ်ရက်အတွင်းမှာမရွှေ့ရင် စည်ပင်ဥပဒေအရ အရေးယူမယ် ၊ အများပြည်သူသွားလာနေတဲ့ လမ်းနယ်နိမိတ်ကျယ်ဝန်းပြီး ယာဉ်ကျောပိတ်ဆို့တာတွေမဖြစ်အောင်လို့ လုပ်တာပါ ၊ အဲဒါကို ဆက်သုံးချင်တယ်ဆိုရင် ဘယ်နှပေသုံး ဈေးနှုန်းသတ်မှတ်ပေးမယ် ၊ ခန့်မှန်းခြေကတော့ ရာဂဏန်းပေါ့’ လို့ မုံရွာမြို့တော် စည်ပင်သာယာရေးကော်မတီမှ အဖွဲ့ဝင် (၁)ဦးဇော်ထွန်းက ပြောပါတယ်။
အသိပေးအကြောင်းကြားစာတွေကို မြို့နယ်အုပ်ချုပ်ရေးရုံး ၊ မြို့နယ်ရဲတပ်ဖွဲ့ရုံး ၊ မြို့နယ်တရားရုံးတွေကို ဖြန့်ဝေထားတယ်လို့ သိရပါတယ်။

မုံရွာမြို့တွင်းလမ်းမကြီးတွေမှာ ကျူးကျော်ပြီး ဈေးဆိုင်ခင်းတာ ၊ ယာဉ်ရပ်နားတာတွေလုပ်နေတာကြောင့် လမ်းကြောကျပ်တည်းတာတွေရှိလို့ အမှန်တကယ်စိစစ်ပြီး အရေးယူသင့်တယ်လို့ မုံရွာဒေသခံအချို့က ဆိုပါတယ်။

Source : The Modern

Facebook comments