တိုက်ခန်းအရောင်းအဝယ်ပြန်ကောင်းဖို့ နိုင်ငံခြားသားဝယ်ယူခွင့်နဲ့ ဥပဒေအကာအကွယ်လို
တိုက်ခန်းဥပဒေသီးသန့်သတ်မှတ်ပေးမယ်ဆိုရင် ရောင်းဝယ်သူတွေအတွက်ခိုင်မာမှုရှိလာမှာဖြစ်သလို နိုင်ငံခြားသားဝယ်ယူခွင့် ပေးမယ်ဆိုရင်လည်းအရောင်းအဝယ်ကောင်းလာနိုင်တယ်လို့သိရပါတယ် ။တိုက်ခန်းအရောင်းအဝယ်တွေမှာ ဝယ်တဲ့သူအတွက် ခိုင်မာတဲ့ အထောက်အထားမပေးနိုင်တာကြောင့် တရားဥပဒေအရ အရှုပ်အရှင်းဖြစ်ခဲ့ရင် အငှါးလိုလို မပိုင်ဝက်မွေးဖြစ်နေကြတာပါ ။ဝယ်ရင် ဝယ်ကြောင်းဥပဒေရဲ့အကာအကွယ်ရဖို့လိုအပ်ပါတယ် ။တချို့ကတော့နိုင်ငံခြားသားတွေ ကိုဝယ်ခွင့်ပေးပြီး ကွန်ဒိုလို ဈေးကွက်ထဲမှာဖြစ်ပျက်နေတာတွေကိုဖြေရှင်းနိုင်ဖို့ ဥပဒေသတ်မှတ်သင့်တယ်လို့ ပြောပါတယ် ။မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းကဒုတိယဥက္ကဌ ဦးကိုကိုထွေးက’ဥပဒေဖြစ်လာရင် ၊နိုင်ငံခြားသားဝယ်ခွင့်ရလာရင် အစိုးရက ရသင့်ရထိုက်တဲ့ အခွန်တွေဖြစ်လာမယ် ၊ဒါတွေက နိုင်ငံအတွက် အကျိုးရှိမယ် ‘ လို့ပြောပါတယ် ။အဓိက လိုအပ်နေတာက ကြိုပွိုင့်ပြသနာတွေ ၊တိုက်ခန်းပိုင်ဆိုင်မှု(အပျောက်စနစ်) ပုံစံတွေ ၊ပြန်ဖြိုပြီးဆောက်တဲ့အခါ ဝယ်သူ ၊ရောင်းသူအခွင့်အရေးတွေ ၊အစိုးရတိုက်ခန်း ၊ပုဂ္ဂလိကတိုက်ခန်း ဒါတွေအားလုံးကို ဖြေရှင်းနိုင်မယ့် ဥပဒေ လိုနေတာလို့ သိရပါတယ် ။နိုင်ငံခြားသား ဝယ်ခွင့်ပေးသင့်လာတဲ့နိုင်ငံခြားသားက ပိုက်ဆံတတ်နိုင်တဲ့သူ ၊ဝယ်ပြီးနေနိုင်တဲ့ သူချည်းပဲ မဟုတ်တာကြောင့် ကွန်ဒိုအပြင်တိုက်ခန်းတွေပါ ဝယ်ခွင့်ပေးလိုက်ရင် တိုက်ခန်းအရောင်းအဝယ်တွေ ကောင်းလာနိုင်တယ်လို့ သိရပါတယ် ။စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးဇော်မင်းက ‘နိုင်ငံခြားသားဝယ်ခွင့်ပေးလိုက်ရင် အေးနေပြီး ဈေးကွက်ပျက်နေတဲ့ တိုက်ခန်းဈေးကွက်လဲ ပြန်ကောင်းလာနိုင်မယ် ၊နိုင်ငံခြားသားတွေ ဝယ်ခွင့်ပေးလိုက်လို့ ရင်းနီုးမြုပ်နှံတာတွေ တိုးလာမယ် ၊သူတို့ယူသွားလို့မရဘဲ ဒီမှာပဲလာပြီး ရင်းနှီးမြုပ်နှံထားတာဖြစ်လို့ နိုင်ငံအတွက်လဲ ဝင်ငွေတိုးနိုင်တယ်’ လို့ပြောပါတယ် ။သည်လိုဖွင့်ပေးလိုက်ရင် တိုက်ခန်းဈေးကွက်နဲ့ဆက်စပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေပါ တိုးတက်မှုများလာပါမယ် ၊ကွန်ဒိုက ဝယ်သူတချို့နဲ့ဆောက်လုပ်တဲ့ ကန်တရိုက်တာတွေ ၊ကုမ္ပဏီတွေအတွက်ပဲ အကျိုးအမြတ်ဖြစ်စေနိုင်ပြီး တိုက်ခန်းကတော့ ရန်ကုန်မြို့ရဲ့ နေရာတိုင်းနီးပါးမှာရှိနေတာကြောင့် ဝယ်ထားသူတွေအတွက်ပါကောင်းစေနိုင်တယ်လို့ ကျွမ်းကျင်သူတချို့ ပြောပါတယ် ။ဦးကိုကိုထွေးက ‘အခုကဝယ်ထားသူတွေအတွက် ဘာမှအကျိုးမရှိဘူးဖြစ်နေတယ် ၊ဒါကြောင့် Apartment Law ကိုတင်ပြထားတာပါ ၊နိုင်ငံခြားသားဝယ်ခွင့်ကလဲ ပြည်တွင်းမှာရောင်းရင် တစ်ခန်း ကိုသိန်း ၂၀၀ဆို နိုင်ငံခြားသားရောင်းရင် သိန်း ၅၀၀ လဲဖြစ်လာနိုင်တယ် ၊ဈေးတက်လာမယ် ၊ဝယ်ထားတဲ့သူတွေလဲ အကျိုးရှိမယ် ‘ လို့ရှင်းပြပါတယ် ။မြေပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး သူကတိုက်ခန်းတွေအတွက်ဖြစ်တာကြောင့် အခန်းပဲပိုင်ဆိုင်တာပါ ။မြန်မာနိုင်ငံရဲ့အခြေခံဥပဒေမှာကလည်း မြေပိုင်ခွင့်မရှိဘူး ။မြေပိုင်ခွင့်ထက် တိုက်ခန်းဆို တိုက်ခန်းပဲ ၊ကွန်ဒိုဆို ကွန်ဒို အကုန် တိုက်ခန်းပါပဲ ။အခန်းပဲဝယ်တာဖြစ်တယ်လို့ပြောပါတယ် ။ကန့်သတ်ချက်တော့ရှိသင့်လက်ရှိမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကျဆင်းနေပြီး တိုက်ခန်းအရောင်းအဝယ်တွေရပ်နေပါတယ် ။တိုက်ခန်းဥပဒေက လိုအပ်တာမှန်ပေမဲ့ နိုင်ငံခြားသားဝယ်ခွင့်ပေးထားတာက ကန့်သတ်ချက်တွေထည့်သွင်းထားမှသာ သင့်တော်မယ်လို့ပြောကြပါတယ် ။အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက ‘အဓိကက စာရွက်စာတမ်းအတုတွေ ၊လိမ်လည်တာတွေကို ဖြေရှင်းပြီး ထိန်းနိုင်ဖို့တော့လိုအပ်တယ် ၊ဝယ်ခွင့်ပေးရင်လဲ ကန့်သတ်ချက်တွေထားမှဖြစ်မယ် ၊ဒီမှက တိုက်ခန်းက ပွစာကျဲနေတာကြောင့်ဥပဒေက တိကျခိုင်မာပြီး အသေးစိတ်ကျဖို့လိုတယ် ‘ လို့ပြောပါတယ် ။Source: The Morden
Facebook comments