အကျိုးဆောင်တချို့ အငှားဈေးအမျိုးမျိုးတင်လို့ အိမ်ငှားအခက်တွေ့
အကျိုးဆောင်တချို့ကြားကနေ အငှားဈေးကို အမျိုးမျိုးတင်နေကြတာကြောင့် အိမ်ငှားတချို့အခက်တွေ့နေကြတယ်လို့ သိရပါတယ်။ပုဇွန်တောင်မြို့နယ် ၊ ဗိုလ်တထောင်မြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာ အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။‘ကိုယ်တိုင်တောင်မသိလိုက်ဘူး ၊ အိမ်ငှားခက သူတို့ပါးစပ်ထဲတင် တက်သွားတာ’ လို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။အိမ်အကျိုးဆောင်တွေက ဈေးတင်ပြီးခါမှ အိမ်ရှင်တွေကို အကြောင်းကြားတာပါ ။ အဲသည်အချိန်ရောက်တော့ အိမ်ရှင်တွေကလည်း မတက်နိုင်ဘဲ သူတို့ဈေးတိုင်း လုပ်ရတာလည်းရှိတယ်လို့ အိမ်ရှင်ဆီက သိရပါတယ်။‘ခြောက်လပြည့်လို့ ထပ်ငှားချင်ရင် အိမ်ရှင်နဲ့တိုက်ရိုက်မတွေ့ရဘူး ၊ ကြားကအကျိုးဆောင်ကို ခြောက်လစာ အိမ်ငှားခအပြင် အကျိုးဆောင်ခပါ ထပ်ပေးရတယ် ၊ မဟုတ်ရင် ဈေးတက်တယ်’ လို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငှာရမ်းသူတစ်ဦးက ဆိုပါတယ်။Source: The Kumudra
Facebook comments