09-261334475

လယ်ယာလုပ်ငန်း လုပ်ကိုင်နေသည့် သစ်တောမြေများကို လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးမည်

လယ်ယာလုပ်ငန်းလုပ် ကိုင်နေသည့် သစ်တောမြေများကို လယ်ယာမြေလုပ်ပိုင်ခွင့် လက် မှတ်ထုတ်ပေးနိုင်ရန် စီစဉ်ဆောင် ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာအောင်သူက ပြည်သူ့လွှတ် တော်တွင် မေလ ၆ ရက်က ပြော ကြားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ် တော် ပထမပုံမှန်အစည်းအဝေး ၂၃ ရက် မြောက်နေ့ဖြစ်သည့် မေ လ ၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသ ကြီး ပင်လည်ဘူးမြို့နယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်က ပင်လည်ဘူးမြို့ နယ်ရှိ တောင်သူ ၂,၄၀၉ ဦးတို့၏ လယ်ယာမြေ ၇,၁၂၅ ဧကပေါ်တွင် ဘိုးဘွားစဉ်ဆက်လုပ်ကိုင်ခဲ့သော် လည်း သစ်တောပိုင်မြေဖြစ်နေ သဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ရရှိရေး ဆောင်ရွက်ပေး မည့်အစီအစဉ်ကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက အထက် ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇)ရရှိရေးကိစ္စ နှင့်ပတ်သက်၍ အဆိုပါမြေများ သည် သစ်တောဧရိယာအတွင်း ပါဝင်နေကြောင်း သိရသဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ သစ်တောမြေအဖြစ်မှ ဦးစွာပယ် ဖျက်ရန် လျှောက်ထားပြီးနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနက လယ်ယာမြေအဖြစ်သို့ ပြောင်းလဲသတ်မှတ်ပေး ပြီးပါက လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ် ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာ အောင်သူက ပြောသည်။

အလားတူကိစ္စမျိုး အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်လည်း ဖြစ်ပေါ်နေရာ တောင်သူလယ်သမားများသည် မိုးဦးကျ လယ်ယာစိုက်ပျိုးချိန်တွင် ငွေကြေးမပြည့်စုံကြသည့်အတွက် လယ်ယာမြေများ ငှားရမ်းပေါင်နှံခြင်း၊ စိုက်ပျိုးစရိတ်ထုတ်ချေးခြင်းတို့ဖြင့်ငွေကြေးအခက်အခဲကို ဖြေရှင်းဆောင်ရွက်နေကြကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်က ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။

Source: 7day daily

Facebook comments