အစိုးရသစ်လက်ထက် တွင် လယ်ယာမြေအငြင်းပွားမှု ပြဿနာများကို အမြန်ဆုံး ဦးစား ပေးဖြေရှင်းရန် လယ်ယာမြေများ နှင့် အခြားမြေများ သိမ်းဆည်းခံရ မှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီကို မတ်လ ၅ ရက်တွင် နိုင်ငံတော်သမ္မတဦးထင်ကျော်က လက်မှတ်ရေးထိုး ဖွဲ့စည်းလိုက် သည်။
ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ကြောင့် ပြည်သူများနစ်နာမှုမရှိ စေရေးအတွက် စုံစမ်းရေးကော်မ ရှင်၏ အစီရင်ခံစာပါ မြေသိမ်းမှု များနှင့်ပတ်သက်၍ ဥပဒေလုပ် ထုံးလုပ်နည်းများနှင့်အညီ ဖြေ ရှင်းပေးရန်၊ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်းများက ပြန်လည်စွန့်လွှတ် သည့် လယ်ယာမြေများကို မူလ လုပ်ကိုင်ခဲ့သော သက်ဆိုင်သူများ သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးပေးအပ်နိုင်ရေးဆောင် ရွက်ရန်စသည့် ရည်ရွယ်ချက်များ ဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်။
ကော်မတီ ဖွဲ့စည်းရာတွင် ဒုသမ္မတ (၂)ကဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများအပါအ၀င် အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားသည်။
‘‘အခုအစိုးရက ပြည်သူအ တွက် လုပ်ဆောင်ပေးမယ်ဆိုတာ ယုံကြည်ပါတယ်။ မြေသိမ်း၊လယ် သိမ်းမှုတွေနဲ့ပတ်သက်ရင် အစိုးရ ကို ကျွန်တော်တို့ကလည်း အများ ကြီးကူညီချင်ပါတယ်’’ဟု ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း လယ်ယာစီးပွား နှင့် တောင်သူလယ်သမားရေးရာ ဌာန ဒုတာဝန်ခံ ဦးမျိုးသန့်ကပြော ကြားသည်။
မြန်မာနိုင်ငံတွင် လယ်ယာ မြေသိမ်းဆည်းမှုပြဿနာကို ယ ခင်အစိုးရလက်ထက်က ဖြေရှင်း ပေးနိုင်မှု အားနည်းခဲ့ပြီး သိမ်းဆည်းထားသည့် လယ်ယာမြေများကို ပြည်သူများထံ ပြန်လည်ပေးအပ်ရာ၌လည်း မူလပိုင်ဆိုင်သူများထံ ပြန်မရောက်ကြောင်း ၎င်းကဆိုသည်။
ယခင် အစိုးရလက်ထက် တွင် သိမ်းဆည်းခဲ့ရာမှ ပြန်လည် စွန့်လွှတ်ပေးနိုင်သည့် မြေဧက ပေါင်း လေးသိန်းကျော်ရှိသည်ဟု ယခင်အစိုးရလက်ထက် မြေအသုံးချမှု စီမံခန့်ခွဲမှုကော်မတီကသတင်းထုတ်ပြန်သည်။ လယ်မြေ၊ ယာမြေ၊ဥယျာဉ်ခြံမြေအပါအ၀င် သိမ်းဆည်းခံ လယ်မြေစုစုပေါင်း ဧက ငါးသန်းခန့်ရှိသည်ဟု စိုက်ပျိုးရေးပညာရှင်တစ်ဦးက ပြောသည်။
Source: 7daydaily