09-261334475

ရန်ကုန်လေဆိပ်တွင် မြေနေရာငှားရမ်းခနှင့် ဆိုင်ခန်းခ ကြီးမြင့်မှုကြောင့် လုပ်ငန်းရှင်များ အခက်တွေ့

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြေနေရာငှားရမ်းခ၊ဆိုင်ခန်းငှားရမ်းခနှုန်းထားများ နှစ်ဆခန့် မြင့်တက်လာ၍ စားသောက်ဆိုင်များ ပိတ်သိမ်းရမည့်အနေအထား ကြုံတွေ့နေရ ကြောင်း ရန်ကုန်လေဆိပ်ရှိ စား သောက်ဆိုင်များမှ သတင်းရရှိ သည်။

ရန်ကုန်လေဆိပ်ရှိ စား သောက်ဆိုင်ခန်းများ ငှားရမ်းခ သည် တစ်ပေပတ်လည်လျှင် ယ ခင်က အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ ပေးဆောင်ရသော်လည်း ဧပြီမှစပြီး ဒေါ်လာ ၂၀အထိတိုးမြှင့်ပေးဆောင်ရကြောင်း ဒေါ်နှင်းနှင်းအေး
ကပြောသည်။

‘‘ဆိုင်ငှားရမ်းခက သုံးလ တစ်ခါ ပေးရတာပါ။ ဆိုင်ခန်းအပေါ် မူတည်ပြီး ပေးဆောင်ရ တယ်။ တချို့ဆို ဒေါ်လာ ၅၀ ပေး ရတယ်’’ဟု ၎င်းကပြောသည်။

ပြည်ပမှ နာမည်ကြီး စား သောက်ဆိုင်ကြီးများ ဝင်ရောက် လာခြင်းကြောင့် မြေနေရာငှား ရမ်းခ၊ ဆိုင်ခန်းငှားရမ်းခနှုန်းထားများ မြင့်တက်လာကာ မြေနေရာ အခက်အခဲများရှိလာ၍ ပြည်တွင်းရှိ စားသောက်ဆိုင်များမှာ ပိတ် သိမ်းရမည့် အနေအထားသို့ ရောက်ရှိနေကြောင်း ရန်ကုန်လေ ဆိပ်ရှိ Airport Garden ဆိုင်ပိုင် ရှင် ဒေါ်နှင်းနှင်းအေးက ပြောသည်။

‘‘ဒီလိုမြေနေရာ အခက်အခဲ တွေကြောင့် စားသောက်ဆိုင် အ ကြီးတွေကနေ အလတ်စားတွေ ဖြစ်ကုန်ပြီ။ ဆိုင်အသေးတွေဆို ရင် ပိတ်လိုက်ရပြီ။ လေဆိပ်မှာဆို ရင် ဆိုင်ခန်းငှားရမ်းခက နှစ်ဆ လောက် တက်လာတော့ ပြည် တွင်းက ဆိုင်တွေ ထွက်ရတော့ မယ့်အနေအထားမှာ ရှိနေတယ်။စားသောက်ဆိုင်တွေလမ်းဘေး ရောက်ကုန်တော့မယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်တွင်းရှိ စားသောက် ဆိုင်များသည် မြေနေရာအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့လာရ၍ နိုင်ငံတော်ပိုင် မြေလွတ်၊ မြေရိုင်း နေရာများတွင် ဆိုင်ခန်းများဖွင့် လှစ်ခွင့်ရရှိရန် အစိုးရထံသို့ တင်ပြတောင်းဆိုထားကြောင်း ဒေါ်နှင်းနှင်းအေးက ပြောသည်။

စားသောက်ဆိုင်ခန်း ငှား ရမ်းခနှုန်းထားများ မြင့်တက်လာ ခြင်းကြောင့် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတို့နှင့် ဆွေးနွေးညှိ နှိုင်းရန် စီစဉ်နေကြောင်း သိရ သည်။

စားသောက်ဆိုင်များ ကြုံ တွေ့နေရသည့် မြေနေရာအခက် အခဲများကို ဖြေရှင်းရန်မှာ အစိုးရ အနေဖြင့် မြို့နယ်၊ ရပ်ကွက်ရှိ မြေနေရာအချို့၌ စားသောက်ဆိုင်ဧရိယာ ပြုလုပ်ပေးစေလိုကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (MRA)ဥက္ကဋ္ဌ ဦးနေလင်းကပြောသည်။

‘‘ရပ်ကွက်တွေမှာ စား သောက်ဆိုင်ဧရိယာတွေ လုပ်ပေးလိုက်ရင် အလုပ်လက်မဲ့ဖြစ်တဲ့ ပြဿနာတွေလည်း ကင်းရှင်းသွားမယ်။စားသောက်ဆိုင်ခန်း ဈေးကြီးတဲ့ ပြဿသာနာတွေလည်းအများကြီး ဖြေရှင်းသွားနိုင်မယ်။ နိုင်ငံခြားမှာဆို စားသောက်ဆိုင် တွေကို တစုတစည်းတည်းထား ရှိပါတယ်’’ဟု ၎င်းကဆက်လက် ပြောကြားသည်။

ယခင်အစိုးရလက်ထက် တွင် ရေးဆွဲခဲ့သည့် စားသောက် ဆိုင်များ ကုန်အမှတ်တံဆိပ်နှင့် ပတ်သက်၍ ယှဉ်ပြိုင်မှုဥပဒေမှာ ၂၀၁၇ ရောက်မှသာ အသက်ဝင် မည်ဖြစ်၍ ယင်းဥပဒေမထွက်မီ စားသောက်ဆိုင်များ ပိတ်သိမ်းရ မည့်အနေအထား ရှိနေကြောင်း ဒေါ်နှင်းနှင်းအေးကပြောသည်။

Source: 7Daydaily

Facebook comments