09-261334475

ဈေးကွက်နေရာအသစ် ချဲ့ထွင်ဖို့ လိုအပ်

ရန်ကုန်မြို့ရဲ့အိမ်ခြံမြေ ဈေးကွက်အနေနဲ့ ဈေးကွက်နေရာအသစ်တွေ ထပ်မံချဲ့ထွင်ဖို့ လိုအပ်နေပြီလို့ စီးပွားရေးပညာရှင် တချို့တွေက သိရပါတယ်။

ဈေးကွက်ကရှိပြီးသားနေရာမှာပဲထပ်ထပ်ပြီး ဈေးတက်ခေါ်ပြီးကစားကြတယ်၊အမှန်ဆိုရင်ဝယ်လက်တွေစိတ်ဝင်စား
လာအောင် နေရာသစ်တွေချဲ့ ပြီး ဈေးကွက်ဖြန့်သင့်တယ် လို့စီးပွားရေးပညာရှင် ဒေါ်မိုးမိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ဈေးကွက်ကောင်းမွန်ချိန်မှာ ထပ်မံချဲ့ထွင်ခဲ့တဲ့ ဈေးကွက်တွေကတော့ ဒဂုံမြို့သစ်တွေဖြစ်ပြီး နောက်ပိုင်းမှာ ဈေးကွက်ချဲ့ထွင်မှု မရှိသလောက်နည်းပါးနေပါတယ်။

နောက်ပိုင်းချဲ့ထွင်မှု အနေနဲ့ မြို့သစ်ဆောက်လုပ် အကောင်အထည်ဖော်မဲ့ တွံ့တေးနဲ့ ကြည့်မြင့်တိုင်တစ်ဖက်ကမ်းတွေမှာ ဈေးကွက်ရှာလာ
တာတွေ ရှိပေမဲ့အ၀ယ်မလိုက်လို့ ပြန်ငြိမ်သက်သွားတာတွေ ရှိခဲ့ပါတယ်။

သည်လိုဈေးကွက်ချဲ့ ထွင်တာတွေ ပြုလုပ်နိုင်လာဖို့အတွက် အခြေခံလိုအပ်တဲ့ ရေမီးသွားလာမှုတွေဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ရန်ကုန်မြို့ရဲ့ မြို့ပြင်ဧရိယာမြေလွတ်ပမာဏများစွာ ကျန်ရှိနေတာကြောင့် သည်လိုနေရာတွေကို ဖွံ့ဖြိုးမှုတွေ ရှိလာအောင် ပြုလုပ်ပြီး မြေနေရာ ဖြန့်ကျက်ဖို့ လိုအပ်နေပါတယ်။

ှSource: The Modern

Facebook comments