09-261334475

အမ်စီအီးအေက ဆောက်လုပ်ရေးမွမ်းမံသင်တန်းတွေ ပေးဖို့ရှိ

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA) ကကန်ထရိုက်တာတွေနဲ့ ဆောက်လုပ်ရေး မွမ်းမံသင်တန်းတွေ ပို့ချပေးဖို့ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မလေးရှားနိုင်ငံကို သင်တန်းသားအယောက် ၂၀ ကိုသင်တန်းပို့ထားပြီး certificate ရကျွမ်းကျင် လုပ်သားတွေအဖြစ် သင်တန်းတွေပို့ချပေးနေတယ်လို့ သိရပါတယ်။

ဒုတိယဆင့် အနေနဲ့ ကန်ထရိုက်တာနဲ့ ဆောက်လုပ်ရေးမွန်းမံသင်တန်းတွေ ပို့ချပေးမယ်ဖြစ်တယ်လို့ MCEA အသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

သူကသင်တန်းပို့ချနိုင်ဖို့တော့ လုပ်ဆောင်နေတုန်းပါ အသင်းဝင်ထားတဲ့ ကုမ္ပဏီတွေက လုပ်သားတွေကိုတော့ လက်ရှိမှာ သင်တန်းတွေပို့ချပေးနေပါတယ်၊ဆေးသုပ်၊ငြမ်းသင်တန်းတွေကို ပို့ချပေးဖို့ရှိပါတယ်။ခုထိဆို ၁၀ကြိမ်ရှိပြီလို့ ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်လုပ်သားတွေ ရှားပါနေမှုတွေနဲ့ certificate လက်မှတ်ရရှိပြီး လုပ်ငန်းခွင်ဝင်နိုင်အောင် သင်တန်းတွေပို့ချပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

Source: The Kumudra

Facebook comments