ဆောက်လုပ်ခွင့်ရရှိရန် စောင့်ဆိုင်းနေသော အဆောက်အအုံ တစ်ရာကျော်ရှိ
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အဆောက်အအုံ ဆောက်လုပ်ခွင့်ချ ထားပေးခြင်း ရပ်နားထားသည်မှာတစ်လကျော်ကြာမြင့်လာပြီး ဆောက်လုပ်ခွင့်ချပေးနိုင်ခြင်းမရှိသောအဆောက်အအုံအလုံးရေရာနှင့် ချီရှိနေကြောင်း သတင်းရရှိသည်။ယခင်အစိုးရလက်ထက်က တာဝန်ယူခဲ့သည့် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီဝင် လေးဦးသည် အစိုးရသစ် တာဝန်ယူချိန်၌ သက်တမ်းပြည့်ကာ အနားယူသွား၍ ကော်မတီအသစ်ကို ဖွဲ့စည်းနိုင် ခြင်းမရှိသေးသဖြင့်အဆောက်အအုံဆောက်လုပ်ခွင့်ပါမစ်လျှောက်ထားမှုကို မစိစစ်နိုင်သေးခြင်းဖြစ်ကြောင်း လက်ရှိကော်မတီဝင်တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် ဦးဌေးအောင်က ပြောသည်။‘‘အခုထိကို ပါမစ်ချထားပေး ရမယ့် ကိစ္စက ရပ်နားနေရဆဲပဲ။ ဧပြီ ၁ ရက်က စရပ်ထားရတာဆို တော့ တစ်လကျော်ပြီပေါ့။ လျှောက်ထားတဲ့ အလုံးရေရာချီနေပြီ။ အတိအကျတော့ မတွက်ရသေး ဘူး’’ဟု ၎င်းက ပြောသည်။အဆောက်အအုံဆောက် လုပ်ခွင့်ပါမစ်လျှောက်ထားမှုကို မြို့တော်ဝန်ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေး (အီးစီ)တွင် စိစစ်ခွင့်ပြုခြင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ သဘောထားမှတ်ချက်ပေးခြင်းများ ပြုလုပ်ရခြင်း ဖြစ်သည်။သို့သော် အဆိုပါအီးစီအ စည်းအဝေးပြုလုပ်ရန် သက်တမ်း ပြည့်၍အနားယူသွားသည့် ကော်မတီဝင်များနေရာတွင် အစားထိုးခန့်အပ်နိုင်ခြင်းမရှိသေး၍ကော်မတီ၏ ပုံမှန်လုပ်ငန်းအချို့ကို ရပ်နားထားရကြောင်း ဦးဌေးအောင်က ဆိုသည်။ထိုသို့ခွင့်ပြုမိန့်ချထားပေးရန်အချိန်ကြန့်ကြာနေခြင်းကြောင့်လုံးချင်းအိမ်ဆောက်လုပ်သူများ အတွက် အခက်အခဲကြီးကြီးမား မားမရှိနိုင်သော်လည်း အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မည့် သူများအတွက်မူ အဆင်မပြေ ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင် ဦးဉာဏ်သစ်လှိုင်က ပြောသည်။ အဆောက်အအုံဆောက် လုပ်ခွင့်နှင့် ပတ်သက်၍ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက ၁၂ ထပ်ခွဲထိ အ ဆောက်အအုံများကို စိစစ်ခွင့်ပြု ပေးပြီး ယင်းအထပ်အရေအတွက် ထက်ပိုသော အဆောက်အအုံများ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ သဘောထားမှတ်ချက်ပေး၍ တင် ပြပေးရကြောင်း သတင်းရရှိသည်။
Source: 7Daydaily
Facebook comments