09-261334475

တန်ဖိုးသင့် အိမ်ရာစီမံကိန်းတွေ တရုတ်နိုင်ငံ အကူအညီနဲ့ အကောင်အထည်ဖော်ဖို့ အစိုးရသစ်စီစဉ်

အစိုးရသစ် လက်ထက်မှာ အခြေခံလူတန်းစားတွေ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိအောင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းတွေကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေနဲ့ အမြန်ဆုံးအကောင်အထည်ဖော်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကသိရပါတယ်။

အိမ်ခြံမြေဈေးကစားတာတွေမရှိစေဖို့ တန်ဖိုးသင့်အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်မှာပါ၊ရန်ကုန်မန္တကလေးကအိမ်ခြံမြေ ဈေးတွေက အရမ်းမြင့်နေပါတယ်၊ဒါကို ထိန်းချုပ်နိုင်အောင်တန်ဖိုးသင့် အိမ်ရာစီမံကိန်းတွေကို အစိုးရက ဦးဆောင်ပြီး ဖော်ဆောင်မှာပါ လို့ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

တန်ဖိုးသင့်အိမ်ရာစီမံကိန်း အတွက် မြေနေရာတွေကို ဒလဘက်ကမ်းနဲ့ ကြည့်မြင့်တိုင်တဖက်ခြမ်းတွေမှာ လုပ်ကိုင်ဖို့ မြေနေရာ စမ်းသပ်တာတွေလုပ်နေပါတယ်။နိုင်ငံခြားအကူအညီအနေနဲ့ တရုတ်နိုင်ငံကနည်းပညာနဲ့ ငွေကြေးအကူအညီပေးဖို့ ကမ်းလှမ်းတာတွေရှိပါတယ်။အစိုးရအနေနဲ့ တိုင်းပြည်မနစ်နာစေဘဲပြည်သူလူထု အကျိုးရှိစေမဲ့ စီမံကိန်းတွေဖြစ်အောင် စီစဉ်ဆောင်ရွတ်နေတယ်လို့ဆိုပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စတင်လုပ်ဆောင်မှာပါ၊ ရန်ကုန်ကမကြာခင်လုပ်ဖြစ်ပါမယ်၊လာမယ့်ငါးနှစ် အတွင်း ရန်ကုန်လူဦးရေနဲ့ အိမ်ယာအချိုးမညီမျှမှု အရမ်းကြီးမားလာမှာပါ ဒါကိုကာကွယ်နိုင်ဖို့ အခုကတည်းကစီမံချက်တွေ ရေးဆွဲအကောင်အထည်ဖော်နေတာလို့ ပြောပါတယ်။

တန်ဖိုးသင့်အိမ်ရာစီမံကိန်းကိုအထပ်မြင့်နဲ့ လုံးချင်းဆိုပြီး နှစ်မျိုးခွဲဆောက်လုပ်မှာဖြစ်ပါတယ်။ လူလတ်တန်းစားအများစုအိမ်ရာ ပိုင်ဆိုင်ခွင့်ရစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ရန်ကုန်မှာက တလ၀င်ငွေကျပ် ၅၀၀၀၀၀ ရရင် အိမ်လခက ၃၀၀၀၀၀ လောက်ပေးနေရတယ်၊ ဒါကြောင့်တန်ဖိုးသင့်အိမ်ရာစီမံကိန်းတွေ အကောင်အထည်ဖော်ပြီး အိမ်ခြံမြေဈေးနှုန်းကြီးမြှင့်တာကို အစိုးရအနေနဲ့ ထိန်းချုပ်မှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန (အိုးအိမ်)က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Source: The Kumudra

Facebook comments