09-261334475

စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် လုပ်ကိုင်မည်ဟု တိုင်းဝန်ကြီးချုပ် ကတိပြု

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ ဖွံ့ဖြိုးတိုတက်လာရေး ၀န်ကြီးဌာနပေါင်းစုံ
ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှုဖြင့် မကြာမီ ကွင်းဆင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်မှုဇုန်လုပ်ငန်းရှင်များအား ကတိပြု ပြောကြား
လိုက်သည်။

မြန်မာ့စီးပွားရေး ပိုမိုတိုးတက်လာရေး အတွက် စက်မှု ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေး
ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ ပြည်တွင်း စက်မှုဇုန်များ ဖွံ့ဖြိုးရေးကို လုပ်ဆောင်မည်ဖြစ်ကြောင်း
ဧပြီ ၂၆ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်၌
ကျင်းပခဲ့သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ အတွင်း အဓိကကျသော စက်မှုဇုန် အများဆုံး 
တည်ရှိရာနေရာ ဖြစ်ခြင်းကြောင့် ၎င်းအချက် အား ကိုင်တွယ်ဖြေရင်းလိုက်ခြင်းက ပြည်တွင်း
စီးပွားရေးအတွက် များစွာ အကျိုးသက်ရောက် စေနိုင်သည်ဟုလည်း ဦးဖြိုးမင်းသိန်းက ပြောသည်။

"မူဝါဒကောင်းတွေ ရှိခဲ့ပေမယ့် တကယ် တမ်း လုပ်ဆောင်နိုင်မှုတွေ အားနည်းခဲ့တယ်။
စက်မှုဇုန်တွေ ဖွံ့ဖြိုးတိုးတက်ခြင်းဟာ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးမှာ ဖြစ်ပါ
တယ်။ အဲဒီကမှ လမ်းဘေးဈေးသည်ကိစ္စနဲ့ ကားလမ်း ကျပ်တည်းမှုတွေဟာ အလုပ်အကိုင်
အခွင့်အလမ်းဆီကို တဖြည်းဖြည်း ရွှေ့သွားနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ တန်ဖိုးမြင့် 
ထုတ်ကုန်တွေကို ထုတ်မရောင်း နိုင်ဘူးဆိုရင် သယံဇာတတွေကိုပဲ ထုတ်ရောင်း ရတဲ့နိုင်ငံ
ဖြစ်နေပါလိမ့်မယ်"ဟု အဆိုပါတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က
ပြောကြားခဲ့သည်။

"လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး ဘာတွေလိုအပ်တယ်ဆိုတာတွေ သိရတော့မှ တကယ် 
ကွင်းဆင်းတဲ့အခါ အဲဒီဝန်ကြီးဌာနတွေကို တစ်ပါတည်း ခေါ်ဆောင်ပြီး ဖြေရှင်းပေးသွားပါ့မယ်"ဟု
၎င်းက ပြောသည်။ လှိုင်သာယာ၊ ရွှေလင်ဗန်း၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သာကေတ၊
ဝါးတစ်ရာ၊ သာဓုကန်နှင့် ဒဂုံဆိပ်ကမ်း အစရှိသည့်စက်မှု ဇုန်များ အပါအ၀င် စက်မှုဇုန် ၂၁ ဇုန်မှ
စီမံ ခန့်ခွဲရေးဆိုင်ရာ တာဝန်ရှိသူများက စက်မှုဇုန် များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ် 
ချက်များကို တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တင်ပြခဲ့သည်။

တင်ပြခဲ့သည့် အချက်များ အနက် စက်မှုဇုန်များအားလုံးသည် လျှပ်စစ် မီး လုံလောက်စွာမရရှိခြင်း၊ 
လူနေအိမ် ကျူးကျော်နေထိုင်မှုများ ရှိနေခြင်း၊ လမ်း တံတားကြေး ကောက်ခံမှုပမာဏ ကြီးမားနေ
ခြင်းကြောင့် သယ်ယူပို့ဆောင်စရိတ် ကြီးမြင့် နေခြင်း၊ စက်မှုဇုန်သုံးရေ မရရှိခြင်း၊ အရင်းအနှီး 
အတွက် ဘဏ်ချေးငွေရရှိရေး အခက်အခဲ ကြီးမားနေခြင်းနှင့် တရားဥပဒေစိုးမိုးမှု အား နည်းသည့် 
စသည့် အချက်များ ပါဝင်ခဲ့သည်။ ထို့အပြင် လျှပ်စစ်မီးရရှိရေးနှင့် ရေရရှိရေး အတွက် ကိုယ်ထူ
ကိုယ်ထစနစ်ဖြင့် ဆောင်ရွက် ထားခဲ့ကြသော်လည်း ၀န်ကြီးဌာနများ၏ ပါဝင်ပူးပေါင်းမှု 
အားနည်းချက်များကြောင့် လုံလောက်သော လျှပ်စစ်ရရှိရေးနှင့် ရေရရှိမှုအတွက် အခက်
အခဲများလည်း ရှိနေကြောင်း စက်မှုဇုန် တာဝန်ရှိသူများက ပြောသည်။

Source: Myanmar Times

Facebook comments