09-261334475

ပဲခူးတိုင်းဒေသကြီးတွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တစ်ခု ပေါ်ပေါက်လာမည်

ပဲခူးတိုင်းဒေသကြီးတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် စက်မှုဇုန်တစ်ခုကို တည်ဆောက်လျှက်ရှိပြီး မကြာမီ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တစ်ခု ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိရသည်။ ထိုစက်မှုဇုန်ကို i- Land 

စက်မှုဇုန်ဟု အမည်ပေးထားပြီး ရန်ကုန်မြို့နှင့် ၆၅ ကီလိုမီတာအကွာတွင် တည်ရှိပြီး ဟက်တာပေါင်း ၁၆၀ ကျယ်ဝန်းကြောင်း သိရသည်။ ” ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ စီမံကိန်းတွေမှာလည်း အကြံပေးအနေနဲ့ ပါဝင်ဆောင်ရွက်နေပါတယ်။ ဒီလိုပါဝင်ဆောင်ရွက်ရာမှာ i- Land စက်မှုဇုန်ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးမှာ တည်ရှိတဲ့ ဒီစက်မှုဇုန်အတွက် ပင်မလွှမ်းခြုံစီမံကိန်းကို ကျွန်တော်တို့က ရေးဆွဲပေးနေပါတယ်။ ဒီနှစ် ဇန်နဝါရီလ ကစပြီး ကျွန်တော်တို့ အနေနဲ့ Front-End Engineering Design (FEED) Infrastructure ဝန်ဆောင်မှုတွေကို စတင်ပေးနေပြီး စီမံကိန်း အစအဆုံး ဖွံ့ဖြိုးရေးအစီအမံကို ကြပ်မတ်ရမယ့် စီမံကိန်းမန်နေဂျာအဖြစ်လည်း တာဝန်ယူဆောင်ရွက်နေပါတယ်” ဟု Surbana International Consultants ၏ Group CEO Mr. Wong Heang Fine ကပြောသည်။ Surbana အနေဖြင့် i- Land စက်မှုဇုန်အပြင် ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်း၊ မြန်မာ့အဏာဝါ ပြတိုက်တို့အတွက်လည်း အကြံပေးအဖြစ်လည်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Source: အကျိုးဆောင်

Facebook comments