အိမ်ခြံမြေ ပေါက်ဈေးထက်ဈေးကွာနေရင် သတိပြုဝယ်ပါ
အိမ်ခြံမြေ အရောင်းအ၀ယ်အေးနေတဲ့ သည်လို အချိန်တွေမှာပါ စာရွက်စာတမ်းအတုတွေနဲ့ အရောင်းတွေရှိ တာကြောင့် လက်ရှိ ဈေးကွက်ပေါက်ဈေးနဲ့ ကွာဟနေတယ်ဆိုရင် သေချာစိစစ်ပြီး မှ ၀ယ်သင့်တယ်လို့ အကျိုးဆောင်တစ်ချို့ ကပြောပါတယ်။ ပါမစ်အတု၊ ဂရန်အတု တွေနဲ့ ရောင်းချတာတွေက နည်းအမျိုးမျိုးနဲ့ ရှိနေတာပါ။ ရုံးတံဆိပ်၊ လက်မှတ်အတုတွေနဲ့ လိမ်တာ ရှိသလို ဟောင်းနွမ်းနေလို့ အချက်အလက်တချို့( ဥပမာ အမည်ပေါက်နာမည်မသဲကွဲ တာ၊ မြေပုံအညွန်း မသဲကွဲတာ၊ ဓာတ်ပုံမသဲကွဲ)တာမျိုးတွေကို ပေါက်ဈေထက် ဈေးလျော့ပြီးဈေးကွက်အေးနေချိန်မှာ အရောင်းထုတ်ကြတာမျိုးပါ။ဒရုံသီးသန့်အကျိုးဆောင် မကေသီ က ဒီအချိန်က ၀ယ်သူတွေက ဈေးလျော့ရောင်းမှ ၀ယ်ချင်ကြတာ၊ ဒါတွေကို လိမ်လည်ရောင်းနေတဲ့သူတွေက ဈေးလျော့ရောင်းသလို စာရွက်စာတမ်းအတုတွေနဲ့ ရောင်းကြတာပါ၊ ၀ိုင်းထဲမှာ အရင်က တစ်ယောက်နဲ့ တစ်ယောက် သတိရှိရှိနဲ့ အရောင်းအ၀ယ်လုပ်တုန်းက ပျောက်သွားပေမဲ့ အခု ပြန်ဖြစ်လာတာလို့ ဈေးကွက် အတွင်းဖြစ်နေတာလို့ ပြောဖြစ်ပါတယ်။ လူကြိုက်များတဲ့ နေရာတွေက အကွက်တွေကိုပါ ပေါက်စေထက်ခွာပြီး၊ ဈေးလျော့ရောင်းတာပါ။တချို့ဝယ်သူတွေက ဈေးပေါချောင်ကောင်းရှာပြီး သေချာနားမည်ဘဲ ၀ယ်ရင် နစ်နာမှာ ဖြစ်ပါတယ်။ ၀သုန်အကျိုးဆောင်မှ ဦးခင်မောင် ၀င်းက ပုံမှန်ထက် ဈေးနည်းနေရင် မြေကွက်တင်မကဘူး တိုက်ခန်းတွေပါ သတိထားပြီး ၀ယ်သင့်တယ်၊ လိမ်တဲ့သူတွေက နည်းအမျိုးမျိုးနဲ့ကို လိမ်ရောင်းနေကြတာပဲ၊ ၀ယ်သူက ဘယ်လိုပဲဖြစ်ဖြစ်သတိပြုရမှာပါလို့ ပြောပါတယ်။ Source: The Kumudra
Facebook comments