09-261334475

စီမံကိန်းအနီးအနားမှာလည်း အိမ်ခြံမြေဈေးကွက် အေးနေဆဲ

အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်ကတော့ မြို့တွင်းပိုင်းမှာသာမက စီမံကိန်းအနီးအနားက မြေနေရာတွေမှာပါ ဈေးကွက်ငြိမ်နေတယ်လို့ အကျိုးဆောင်တချို့ထံက သိရပါတယ်။

‘အရင်က စီမံကိန်းတစ်ခုစတော့မယ်ဆိုရင် အနီးအနားက မြေတွေ အရောင်းအဝယ်တကယ်မဖြစ်ရင်တောင် အမေးများပြီး စိတ်ဝင်စားမှုရှိကြတယ် ၊ အခုနောက်ပိုင်းကျတော့ စီမံကိန်းက သတ်သတ်ကြိုက်သလောက်ဝင် ဈေးကိုအတက်လဲမပြ အရောင်းအဝယ်လဲမဖြစ် လုံးဝကို ငြိမ်နေတာ’ လို့ သုခအကျိုးဆောင်လုပ်ငန်းက ကိုအောင်ပိုင်ကပြောပါတယ်။

စီမံကိန်းအများစုက ဒဂုံလေးမြို့နယ်မှာ များပြီး အားလုံးက အိမ်ရာစီမံကိန်းတွေများပါတယ်။ အများစုက မြေတွေကတော့ ရပ်ကွက်အတွင်း ဂရန်မြေတွေထက် ပါမစ်မြေနဲ့ စလစ်မြေများတယ်လို့ သိရပါတယ်။ လက်ရှိအိမ်ရာအများစုကတော့ ဒဂုံဆိပ်ကိမ်းဘက်နဲ့ ဒဂုံတောင်ဘက်မှာများပြီး မြောက်ဒဂုံနဲ့ဒဂုံအရှေ့ပိုင်းနေရာတွေမှာတော့ စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်လျက်ရှိတဲ့ အိမ်ရာစီမံကိန်းတွေများတယ်လို့ သိရပါတယ်။

ဈေးနှုန်းတွေအနေနဲ့ကတော့ လမ်းမကြီးတွေနဲ့ ကျော်ကပ်လမ်းတွေမှာ ကျပ်သိန်းထောင်ချီဈေးကွက်ရှိပြီး ဒဂုံဆိပ်ကမ်းနဲ့ တောင်ဒဂုံဘက်က မြေကွက်တွေကတော့ ကျပ်သိန်း ၁၀၀ အောက်မြေကွက်တွေ ရှိနေသေးတယ်လို့ သိရပါတယ်။ ဈေးကွက်အားလုံးငြိမ်သက်နေတာကြောင့် စီမံကိန်းအပြီးကာလကို မျှော်လင့်နေကြပြီး စီမံကိန်းအပြီး လူနေထိုင်မှုများမှ အငှားဈေးကွက်လုပ်ပြီး ဈေးကွက်ပြန်လည်ကောင်းမွန်လာဖို့ မျှောလင့်နေကြတာများတယ်လို့ သိရါပါတယ်။

‘မြေသီးသန့်နေရာအများစုက အခုနောက်ပိုင်း ပိုအေးတယ် ၊ ရပ်ကွက်အတွင်းမှာတော့ လူနေထိုင်ပြီးသားဖြစ်လို့ မြေကွက်ကို ကြိုက်ကြတာများပေမဲ့ အကွက်ရိုပ်မြေနေရာတွေမှာတော့ မြေကွက်ကို စိတ်ဝင်စားမှုမရှိကြဘူး’ လို့ တောင်ဒဂုံမြို့နယ်အတွင်းက အကျိုးဆောင် မဒီဇင်ဘာက သူ့အမြင်ကို ပြောပါတယ်။

အခုနောက်ပိုင်း ဈေးကွက်တွေကတော့ ဒဂုံလေးမြို့နယ်အတွင်းမှာကို ငြိမ်သက်နေတယ်လို့ သိရပါတယ်။

Source: The Kumudra

Facebook comments