09-261334475

စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံကိန်းနဲ့ နည်းပညာတွေ ပြုပြင်ပြောင်းလဲမည်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရက် ၁၀၀ စီမံကိန်းရေးဆွဲပြီး ပြုပြင်ပြောင်းလဲမှုမှာ နည်းဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်မယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောပါတယ်။

သူက ‘ရက် ၁၀၀ စီမံကိန်းက ဒီမိုကရေစီ နိုင်ငံမျိုးမှာ အစိုးရပြောင်းရင် လုပ်လေ့လုပ်ထရှိတဲ့ သဘောမျိုးပါ ၊ ပြီးခဲ့တဲ့ ဟိုတုန်းက နှစ်ပေါင်းများစွာလုပ်တဲ့ လုပ်ငန်းတွေကို ချက်ချင်းလက်ငင်း ရက် ၁၀၀ စီမံကိန်းရေးဆွဲရတာ အင်မတန်ခက်တယ်’ လို့ ပြောပါတယ်။

ပြည်သူတွေက တောင်းဆိုတာတွေများလို့ သုံးလ ၊ ခြောက်လ ၊ နှစ်နှစ် စတဲ့စီမံကန်းတွေ လက်ရှိစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းတွေ ကျွမ်းကျင်ဖို့ ဆောင်ရွက်နေပြီး ရက် ၁၀၀ စီမံကန်းက မကြာမီ အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။

အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံကိန်းက စီးပွားကူးသန်းဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းတွေ ဖြေလျှော့တာနဲ့ နည်းဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့ ရှိတယ်လို့ သိရပါတယ်။

ကန့်သတ်ချက်တွေအားလုံးမဟုတ်သော်လည်း ဖြေလျှော့ပေးမယ်လို့ ဒေါက်တာသန်းမြင့်က ပြောပါတယ်။
ဖြေလျှော့ပေးဖို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေဆုံတာ ၊ အကြံဥာဏ်တောင်းတာတွေကိုယူပြီး သက်ဆိုင်ရာဌာနတွေနဲ့ ပှုးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

သည်လ ၂၃၊ ၂၄ ရက်နေ့မှာ ကုန်သည်စက်မှု အသင်းချုပ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး ကုန်သွယ်ရေးလုပ်ငန်းတွေအတွက် လိုအပ်ချက်တွေ ၊ အခက်အခဲတွေကို ဆွေးနွေးပါတယ်။

Source:The Kumudra

Facebook comments