အစိုးရအပြောင်းအလဲ တွင် စည်ပင်သာယာရေးကော်မ တီအသစ် ပြန်လည်ဖွဲ့စည်းခြင်း နှင့် ကော်မတီဝင်အစည်းအဝေး ပြုလုပ်နိုင်သေးခြင်း မရှိသေး၍ အဆောက်အအုံ ဆောက်လုပ် ရေးပါမစ်ချထားပေးသည့် လုပ်ငန်းများ တစ်လခန့်ကြာ ရပ်နားထားရကြောင်း သတင်းရရှိသည်။
အဆောက်အအုံ ဆောက် လုပ်ခွင့်ပါမစ်များကို စည်ပင်သာ ယာရေးကော်မတီ အီးစီအစည်း အဝေး၌ ဆုံးဖြတ်ပေးခြင်းဖြစ်ပြီး ယင်းအစည်းအဝေးကို ဧပြီ ၁ ရက်မှ ယနေ့အထိ မပြုလုပ်နိုင်သေး သဖြင့် အဆိုပါလုပ်ငန်းပါမစ်ချ ပေးမှုကို တစ်လခန့်အကြာ ရပ် ဆိုင်းနေခြင်းဖြစ်သည်ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် (၆) ဦးဌေးအောင် က ပြောသည်။
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတွင် ယခင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ခန့်အပ်ထားသည့် ကော်မတီဝင် လေးဦးသည် သက်တမ်းကုန်ဆုံး သွားပြီဖြစ်၍ တာဝန်မှ အနားယူ သွားခဲ့ကြပြီး ၎င်းတို့နေရာ၌ အစားထိုးခန့်ခြင်းပြု၊ မပြုနှင့် ကော်မတီအသစ်ပြန်လည်ဖွဲ့စည်းရန် ရှိ၊ မရှိတို့ကို ဆုံးဖြတ်ထားရသေးခြင်း မရှိသောကြောင့် အီးစီအစည်းအ ဝေး မကျင်းပဖြစ်ဘဲ ရှိနေကြောင်း သတင်းရရှိသည်။
‘‘ပုံမှန်ဆို အီးစီအစည်းအ ဝေးက တစ်ပတ်တစ်ခါ လုပ်ရ တယ်။ အခုက ကော်မတီ ဘယ်လိုပြန်ဖွဲ့မလဲဆိုတာ မသိရသေးဘူး။ ကော်မတီဖွဲ့ပြီးမှ အီးစီအစည်း အဝေးက လုပ်လို့ရမှာ။ ဒါကြောင့် အီးစီအစည်းအဝေး ဘယ်တော့ လုပ်ဖြစ်မယ်ဆိုတာ မသိဘူးဖြစ် နေတယ်။ အီးစီအစည်းအဝေး မလုပ်နိုင်တော့ စည်ပင်သာယာ လုပ်ငန်းတွေဖြစ်တဲ့ လမ်းတံတား၊ ဆောက်လုပ်ရေးပါမစ်ချထားပေး ရေးမလုပ်နိုင်သေးဘဲ ပုံနေတာ ပေါ့’’ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ခွင့်ပြု မိန့်ချထားပေးနိုင်မည့် အဆောက် အအုံဆောက်လုပ်ခွင့်နှင့် တိုင်းဒေ သကြီးအစိုးရသို့ သဘောထား မှတ်ချက်ပေးရသည့် အထပ်မြင့် အဆောက်အအုံဆောက်လုပ်ခွင့် တင်ပြချက်များမှာ တစ်ပတ်လျှင် အလုံးရေ ၅၀ မှ ၁၀၀ ကြားရှိ ကြောင်း ၎င်းက ပြောသည်။
‘‘အခုဆို တစ်လလုံးလုံးဖြစ် နေပြီဆိုတော့ အစည်းအဝေးမှာ ဆုံးဖြတ်ရမယ့်အလုံးရေကတော့ တော်တော်ပုံနေလောက်ပြီ။ အ ရေအတွက် အတိအကျတော့ ပြု စုထားတာ မရှိသေးဘူး’’ဟု ဦးဌေး အောင်က ပြောသည်။
ထိုသို့ ပါမစ်ချထားပေးရန် အချိန်ကြန့်ကြာနေခြင်းကြောင့် လုံးချင်းအိမ်ဆောက်လုပ်သူများ အတွက် အခက်အခဲကြီးကြီးမား မား မရှိနိုင်သော်လည်း အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မည့် သူများအတွက်မူ အဆင်မပြေမှု များရှိလာနိုင်သည်ဟု ဆောက် လုပ်ရေးလုပ်ငန်းရှင်အချို့က မှတ် ချက်ပြုသည်။
‘‘မိုးမတိုင်ခင် အောက်ခံ ဖောင်ဒေးရှင်းချချင်တဲ့ အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းတွေ အတွက်ကတော့ ပါမစ်ကျချိန် နောက်ကျတာနဲ့အမျှ အခက်အခဲ ရှိနိုင်တယ်။ ဒါကလည်း အပြောင်းအလဲကာလကြောင့် တိုက်ဆိုင်မှု ဖြစ်ရတာဆိုတော့လည်း နားလည်ပေးရမှာပေါ့’’ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးဉာဏ်သစ်လှိုင်က ပြောသည်။
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသည် ၁၂ ထပ်ခွဲအထိ အဆောက်အအုံများ ကို ကော်မတီအီးစီအစည်းအဝေး ၌ စိစစ်ခွင့်ပြုပေးပြီး ယင်းအထပ် မြင့်ထက်ပိုသော အဆောက်အအုံ ဆောက်လုပ်ခွင့်ကို တိုင်းဒေသ ကြီးအစိုးရသို့ သဘောထားမှတ် ချက်ပေးတင်ပြရကြောင်း ဦးဌေး အောင်က ပြောသည်။
Source: 7daydaily