09-261334475

ကမာရွတ်လှည်းတန်းဝန်းကျင် အိမ်ခြံမြေအငှားဈေးကွက်ဖွံ့ဖြိုးကောင်းမွန်နေဆဲ

ကမာရွတ်လှည်းတန်း ပတ်ဝန်းကျင်သည် ကမာရွတ်မြို့နယ်အတွင်း၌ လူနေ အစည်းကားဆုံးနေရာတစ်ခုဖြစ်ပြီး

အဆောင်နေ  ကျောင်းသူကျောင်းသားများ ရုံးသူရုံးသားများ၊  ကုမ္ပဏီအလုပ်သမားများ စသဖြင့် စုပေါင်း ငှားရန်း နေထိုင်မှုများ အများဆုံးတွေ့ရပြီး စီးပွားရေးလုပ်ငန်းလုပ်ကွက် ကောင်းမွန်သောနေရာတစ်ခုလည်းဖြစ်သည်။

လူငယ်လူရွယ်များ သွားလာစားသောက်လည်ပတ်စရာ နေရာတစ်ခုဖြစ်သည့်အပြင် တက္ကသိုလ်နှင့်နီးခြင်း၊ ဈေးနှင့် နီးခြင်း မြို့တွင်းမြိုပြင် ခရီးလမ်းဆုံလမ်းခွနေရာလည်း ဖြစ်သဖြင့် ရန်ကုန်မြို့တွင် စည်ကားမှုရှိသော နေရာ တစ်ခုလည်း ဖြစ်သည်။

 

"သင်တန်းတွေ ဈေးဆိုင်ခန်းတွေက တဖြည်းဖြည်းတိုးလာတယ် လမ်းဘေးဈေးသည်တွေတောင် တခါတလေ နေရာ လုရောင်းနေရတာ ရှိတယ် ညနေဘက်တွေဆိုလည်း လမ်းဘေးဈေးသည်တွေနဲ့ စားသုံးသူတွေနဲ့ လူက ည ၁၀ နာရီ လောက်ထိ အသွားအလာက မပြတ်ဘူး လွန်ခဲ့တဲ့ သုံးလေးနှစ်ကထက် အများကြီးစည်လာတယ်ပြောရမယ် ရုံးဖွင့်ကျောင်းဖွင့်ရက်တွေလည်း ရောင်းရသလို ပိတ်ရက်တွေလည်း ရောင်းရတာပါပဲ ကျွန်တော် တို့ကတော့ အင်းစိန် ခ၀ဲခြံဘက်ကပါ ဒီမှာ အကင်ဆိုင်လေး လုပ်ရောင်းတယ် ည ၁၀ ခွဲ ၁၁ လောက်ဆို သိမ်းပါတယ်" ဟု လှည်းတန်း ဈေးအနီး အကင်ဆိုင်ဖွင့်လှစ်ရောင်းချသူ တစ်ဦးက ပြောသည်။

 

"လှည်းတန်းပတ်ဝန်းကျင်ကတော့ အငှားဈေးကွက်က ၁၂ ရာသီအမြဲရှိနေပါတယ် သင်တန်းတက်ဖို့လာတဲ့သူနဲ့ အလုပ်ရှာဖို့၊ ကျောင်းတတ်ဖို့ လာတဲ့သူနဲ့ ဒီနေရာက သွားလို့လာလို့လည်း အဆင်ပြေတော့ ဒီပတ်ဝန်းကျင်ကိုပဲ ရွေးကြတယ် အ၀ယ်အနေနဲ့တော့ လတ်တလောအခြေအနေမှာ နည်းပါတယ် အရောင်းအငှား ခေါ်ထားတာလေး တွေတော့ ရှိတာပေါ့ မြေညီထပ်တွေက တခြားရပ်ကွက်လမ်းတွေကထက်စာရင် ဈေးပိုကောင်းပါတယ် " ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

"လှည်းတန်းလမ်းမတန်းပေါ်နဲ့ အင်းစိန်လမ်းဘက်အကူး လမ်းသွယ်တွေထဲမှာပါ   စာရေးကိရိယာ ရုံးသုံး ကျောင်းသုံး အထွေထွေ ပစ္စည်းဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ အ၀တ်အထည် ဖက်ရှင်ဆိုင်တွေ ဖွင့်လာကြတယ် အပေါ်ထပ် တွေဆိုရင် အဆောင်သဘောမျိုး စုဖွဲ့ငှားနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ  နယ်ကနေ အလုပ်လာလုပ်တဲ့ ကုမ္ပဏီ ၀န်ထမ်းတွေတို့ ငှားရမ်း နေထိုင်မှု များတာ တွေ့ရပါတယ် လှည်းတန်း ပတ်ဝန်းကျင်မှာ တော်တော်များများ ၆ ထပ်ကနေ ၈ ထပ် အဆောက် အအုံတွေ များပါတယ် တိုက်သစ်တွေအနေနဲ့ဆိုရင် အင်းစိန်လမ်းမ သုခ၊ သံလမ်း မှတ်တိုင်ဝန်းကျင် လမ်းသွယ်တွေထဲ ကန်ထရိုက်တိုက်ဆောက်လုပ်မှုတွေများတာတွေ့ရတယ် လှည်းတန်းလမ်းမပေါ် တိုက်ခန်း အငှားဆိုရင် ၁၈'x၆၀' ၈ လွှာကို သုံးသိန်းခွဲ အငှားဈေး၊ အရောင်းရှိတာဆိုရင် လှည်းတန်းလမ်းသွယ် ၁၃'x၅၀' ပထမထပ် သိန်း ၅၃၀၊  ၁၂ခွဲ'x၅၀' မြေညီကို သိန်း ၁၂၀၀  အရောင်းခေါ်ထားတာရှိတယ် ဦးထွန်းလင်းခြံ လမ်းထဲ၂၄'x၇၅' ၇ လွှာကို သိန်း ၁၆၀၀ အရောင်းခေါ်ဈေးတွေရှိပါတယ်  

ရန်ကုန်မှာ တိုက်ခန်းဈေးတွေ လျော့ကျလာနိုင်ဖွယ် ယူဆရပေမယ့် ဒီဘက်နေရာတွေကတော့ ဈေးကွက်နေရာ

ကောင်းတဲ့အတွက် သိသိသာသာလျော့မှာတော့ မဟုတ်ဘူးလို့တော့ မြင်ပါတယ်" ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦး

ဖြစ်သူ ကိုမျိုးထိုက်က ပြောကြားသည်။

 

Property Media Team

www.Property.com.mm

Facebook comments