09-261334475

နေထိုင်ခွင့်မရှိသော တိုက်ခန်းများတွင် နေထိုင်သူများအား ထောက်ခံချက်ထုတ်ပေးနေ

စည်ပင်သို့ လူနေထိုင် ခွင့်မတင်သော ကန်ထရိုက်တိုက် ခန်းများတွင် လွန်ခဲ့သည့် ခုနစ်နှစ် ကျော် ရှစ်နှစ်အတွင်းက၀င်ရောက် နေထိုင်သူများအား ဖြေလျှော့ပေး ပြီး နေထိုင်ခွင့်ထောက်ခံချက် ထုတ်ပေးနေကြောင်း ရန်ကုန်မြို့တော်စည်ပင် အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်း ရရှိသည်။


လူနေထိုင်ခွင့် (BCC)မတင် ဘဲ နေထိုင်သူများကို သတိပေး သည့်အနေဖြင့် ပြီးခဲ့သည့် မတ်လ နောက်ဆုံးပတ်အထိ လျှောက် ထားရန် သတ်မှတ်ခဲ့သော်လည်း ယနေ့အထိ လာရောက်လျှောက် ထားသူများ ရှိနေသောကြောင့် ဖြေလျှော့မှုများ ပြုလုပ်ပေးနေ ကြောင်း အဆိုပါဌာနမှ အရာရှိ တစ်ဦးကဆိုသည်။

‘‘၂၀၀၆-၂၀၀၇ လောက်က တည်းက ဒီနေ့အထိ လူနေထိုင် ခွင့်မတင်ဘဲ နေကြတာတွေလည်း ရှိတယ်။ သူတို့တွေ လာလျှောက် ရင် သတ်မှတ်ရက် ပြည့်သွားပေ မယ့် ဖြေလျှော့ပေးပြီး ဆောင်ရွက် ပေးနေပါတယ်’’ဟု ၎င်းကဆို သည်။

အချို့ကန်ထရိုက်တိုက်အိမ် ရှင်များသည် စာရွက်စာတမ်း  အ ထောက်အထား မပြည့်စုံခြင်း၊ လူ နေထိုင်ခွင့်မရှိဘဲ နေထိုင်လာ သည်မှာ နှစ်ကာလကြာမြင့်ခြင်း တို့ကြောင့် လာရောက်လျှောက် ထားရန် စိုးရိမ်နေသူများရှိကြောင်း ၎င်းကပြောသည်။

ဆောက်လုပ်နေစဉ် ကန်ထ ရိုက်မှာ ဆက်လက်မဆောက်လုပ် ဘဲ တိမ်းရှောင်သွားသောကြောင့် မိမိအစီအစဉ်ဖြင့် တည်ဆောက် ခဲ့ရာ လူနေထိုင်ခွင့် မလျှောက် လိုက်ရသည့် တိုက်ခန်းများရှိပြီး အများစုမှာ လှိုင်၊ တောင်ဥက္ကလာ ပ၊ မရမ်းကုန်းမြို့နယ်များရှိ ရပ် ကွက်အတွင်းပိုင်းများ၌ အဖြစ် များကြောင်း သီရိစံဆောက်လုပ် ရေးလုပ်ငန်းရှင် ဦးမိုးမြင့်ကပြော သည်။

၂၀၁၃ ရန်ကုန်မြို့တော်စည် ပင်သာယာရေးဥပဒေပုဒ်မ ၆၁၊ အခန်း(င)တွင် မည်သူမျှဆောက် လုပ်ပြီးသော အဆောက်အအုံ တစ်ခုတွင်ဖြစ်စေ၊ ယင်းအ ဆောက်အအုံ၏ အစိတ်အပိုင်း တစ်ခုတွင်ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်နေ ထိုင်ခြင်း၊ အသုံးပြုခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။

Source: 7daydaily

Facebook comments