အိန္ဒိယတွင်အပေါင်ခံထားသောအိမ်ခြံမြေရောင်းချသူတစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်ရှိ ဆူရတ်မြို့ တွင် ဘဏ်၌အပေါင်ခံထားပြီးသော
အိမ်ခြံမြေပိုင်ဆိုင်မှုကို ထပ်မံရောင်းချခဲ့မှုကြောင့်
လူတစ်ဦးကိုရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်းသိရသည်။ ကန်တီလယ်ဂျာရီဝါလာဆိုသော
အိန္ဒိယလူမျိုးတစ်ဦးသည် ဆူရတ်မြို့ ရှိ ၄င်းပိုင်ဆိုင်သောအိမ်ခြံမြေကို
Axis ဘဏ်တွင် ပေါင်နှံခဲ့ပြီးနောက် အခြားဝယ်လက်တစ်ဦးထံ
ထပ်မံရောင်းချရန်ကြိုးစားခဲ့သဖြင့် ရဲတပ်ဖွဲ့က
ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။ ဟာရီပူရာလမ်းမကြီးပေါ်ရှိ ၄င်း၏အိမ်ခြံမြေမှာ
ရူပီးငွေ ၆၂့ ၅၀ သိန်းတန်ကြေးရှိကြောင်းသိရသည်။
သို့ရာတွင်အဆိုပါအိမ်ခြံမြေကို ရောင်းချရန်ကြံစည်မှုများပြုလုပ်ခဲ့ပြီးနောက်
ဂျာရီဝါလာကို ဖမ်းဆီးအရေးယူပေးရန် Axis ဘဏ်မှ တာဝန်ရှိသူ
အေနက်နီလာနီကတိုင်ကြားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ကြေညာချက်တွင်
“အိမ်ခြံမြေမမှန်မကန်ရောင်းဝယ်မှုကြောင့် ဖမ်းဆီးအရေးယူမှုပြုလုပ်ခဲ့ပါတယ်။
တရားခံကိုတော့ စစ်ဆေးမေးမြန်းနေဆဲပါ” ဟုဖော်ပြထားသည်။
ဂျာရီဝါလာဆိုသည့်တရားခံမှာ ဘဏ်မှရယူထားသောအပေါင်ငွေများကို
ပြန်လည်ပေးဆပ်နိုင်ရန်မတတ်နိုင်သဖြင့် အိမ်ကို လျှို့ ဝှက်စွာရောင်းချရန်
ကြိုးစားခဲ့ခြင်းဖြစ်သည်။
Facebook comments