အိမ်ခြံမြေ အပြောင်းအလဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသင့်
မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်နေတဲ့ အိမ်ခြံမြေဈေးကွက် အပြောင်းအလဲတွေနဲ့ ပြသာနာတွေကို အကျိုးဆောင်တွေ အနေနဲ့ သက်ဆိုင်ရာ တိုင်းလွှတ်တော်ရုံးတွေမှာ သွားရောက်ဆွေးနွေးသင့်တယ်လို့ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။
' အကျိုးဆောင်တွေဘက်က ဈေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့
ပြသာနာတွေ ဈေးအဆမတန် မြင့်တက်နေတာတွေ၊
ဈေးနှုန်းထိန်းမရတာမျိုးတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းလွှတ်တော်ရုံးတွေကို ကိုယ်တိုင် သက်ဆိုင်ရာလူတွေနဲ့ အကြံပြု ဆွေးနွေးသင့်တယ်၊ဒါမှတကယ့် ဈေးကွက်ထဲမှာ
ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ထိန်းသိမ်းနိုင်မယ် ' လို့ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ပြောပါတယ်။
ဈေးကွက်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ ကတော့ ဝင်ငွေခွန် နှုန်းထားတွေကြောင့် အရောင်းအဝယ်အေးမှုတွေနဲ့ ခေါ်ဈေးနှုန်းမြင့်မာနေပြီး စီမံကိန်းလျာထားတဲ့ မြေနေရာတွေမှာ ဈေးနှုန်းတွေ အေးနေတာမျိုးတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
ဈေးကွက် အများစုကလည်းလက်ရှိဖြစ်ပေါ်နေတဲ့ အခွန်နှုန်းထားကို ကြည့်ပြီး ဈေးနှုန်းအထာမျိုးတွေ ရှိနေတာကြောင့် ဈေးကွက်ပုံမှန် ဖြစ်ပေါ်စေဖို့ အခွန်နှုန်းထားကို ညှိနှိုင်းတာမျိုး လုပ်ချင်နေတာလည်း ရှိနေပါတယ်။
ဒါ့အပြင် အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ ဥပဒေအများစု ထွက်ရှိဖို့ ကျန်ရှိနေသေးတာတွေကြောင့်ဈေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်
သင့်နေတာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့နည်းလမ်းတွေကို
ဆွေးနွေးဆောင်ရွက်သင့်နေတာ ဖြစ်ပါတယ်။
အိမ်ခြံမြေ ဈေးကွက်အခြေအနေနဲ့ ပတ်သက်ပြီး လက်ရှိမှာ အားလုံးလိုလိုက စောင့်ကြည့်တာမျိုးတွေသာ များပြားနေပြီး တကယ်ကောင်းမွန်တဲ့ ဈေးကွက်ပေါ်ထွက်လာဖို့ နိုင်ငံရဲ့ စီးပွားရေ အပြောင်းအလဲပေါ် အခြေခံနေတယ်လို့ သိရပါတယ်။
ှSource: The Modern
Facebook comments