တောင်အဖရိကအိမ်ခြံမြေစျေးကွက်သို့ရုရှားလုပ်ငန်းရှင်များ ဝင်ရောက်စပြုလာ
တောင်အဖရိကနိုင်ငံ၊ ကိပ်တောင်မြို ့ရှိ နန်းတော်တမျှခမ်းနာကြီးကျယ်သောအဆောက်အဦးနှင့် အိမ်ခြံမြေပိုင်ဆိုင်မှုများကို အမည်မဖော်လိုသော ရုရှားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လွှဲပြောင်းဝယ်ယူခဲ့ပြီးနောက်တောင်အဖရိကအိမ်ခြံမြေစျေးကွက်သို့ ရုရှားလုပ်ငန်းရှင်များဝင်ရောက်စပြုလာခဲ့ပြီးဖြစ်ကြောင်း ဒေသခံစီးပွားရေးပညာရှင်များက ခန့်မှန်းပြောဆိုလိုက်သည်။ ကိပ်တောင်မြို ့ရှိ အိမ်ခြံမြေမှာ မြို ့စွန်ရှိကုန်းမြင့်ဒေသတွင်တည်ရှိပြီး အိပ်ခန်း ၁၂ ခန်း၊ ရေကူးကန်တို့ပါဝင်ပြီး အိမ်အရှေ ့ပိုင်းကို မှန်သားအတိပြီးသောပြတင်းပေါက်များတပ်ဆင်ပေးထားကြောင်းသိရသည်။ အဆိုပါအိမ်ခြံဝင်းအတွင်း၌ ရဟတ်ယာဉ်ဆင်းသက်ရန်နေရာလည်းပါရှိပြီး ကိပ်တောင်မြို ့ကိုအထက်စီးမှ ကြည့်ရှုခံစားနိုင်သောမြင်ကွင်းကိုလည်း ရယူပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ယခုအခါအဆိုပါအိမ်ခြံမြေကို ရုရှားလူမျိုးတစ်ဦးက ပိုင်ဆိုင်ခွင့်ရခဲ့ပြီး ဒေါ်လာ ၂ ့၂ သန်းပေးချေခဲ့ရကြောင်း သိရသည်။ ကိပ်တောင်းမြို ့ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ဘရာဒန်မီလာက ”ရုရှားတွေဟာ အိမ်ခြံမြေစီးပွားရေးကိုတော်တော်နှစ်သက်ခုံမင်ကြပါတယ်။ တောင်အာဖရိကမှာ ရုရှားလုပ်ငန်းရှင် သုံးလေးဦးလောက်အိမ်ပိုင်ဆို်င်နေကြပါပြီး” ဟုဆိုသွားခဲ့သည်။
Facebook comments