ဆင်ခြေဖုံးအငှားဈေးကွက် ကျပ်တစ်သိန်းဝင်းကျင် အငှားများ
ဆင်ဖြေဖုံးမြို့နယ်တွေနဲ့ မြို့သစ်တွေရဲ့ အငှားဈေးကွက်မှာ ဈေးနှုန်းအနည်းငယ်တက်တဲ့ နေရာတွေရှိပေမဲ့ အငှားအများဆုံးက ကျပ်တစ်သိန်းဝန်းကျင်နေရာတွေလို့ သိရပါတယ်။အငှားဈေးကွက်မှာ တချို့နေရာတွေက ဈေးတိုးတောင်းတဲ့သူတွေ ရှိသလို နေရာအများစုကတော့ အရင်အတက်ဈေးနဲ့ပဲ ငှားကြတဲ့သူတွေ ရှိတယ်လို့ သိရပါတယ်။ အများစုရဲ့ အငှားဈေးနှုန်းကတော့ ကျပ်တစ်သိန်းအောက်နည်းပြီး ကျပ်တစ်သိန်းအထက် ပေးရတာများပါတယ်။အကျိုးဆောင် ဒေါ်တင်ကြည်က ‘တစ်လကို ကျပ် ၁၀၀,၀၀၀ နဲ့ ၁၂၀,၀၀၀ တန်နေရာတွေကို ငှားကြတဲ့သူများတယ် ၊ အနည်းဆုံး ခြောက်လလောက် စာချုပ်ရတော့ မတတ်နိုင်သူတွေက ဈေးအနည်းဆုံးနေရာတွေကို ရှာခိုင်းကြတယ် ၊ ကျပ်တစ်သိန်းအောက်ဆိုလဲ ရေမပါတာမျိုးတွေ အတွင်းထဲ အရမ်းဝင်ရတဲ့နေရာတွေများတယ်’ လို့ ဈေးကွက်အခြေအနေကိုပြောပြပါတယ်။လုံးချင်းအိမ်ဈေးတွေက ဈေးမြင့်တာကြောင့် တချို့တွေက လူနေဆိုင်ခန်းတွေမှာ တစ်လကို ကျပ် ၅၀,၀၀၀၊ ၆၀,၀၀၀ ပေးပြီး ငှားနေကြတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။ တချို့ဈေးထပ်တောင်းကြတဲ့ နေရာတွေက အိမ်ရှင်နဲ့အကျိုးဆောင်တွေပေါင်းပြီး ဈေးတောင်းကြတာဖြစ်ပါတယ်။ ကျပ်တစ်သောင်းဝန်းကျင်ကနေ ၃၀,၀၀၀ နဲ့ ၅၀,၀၀၀ အထိဈေးတိုးတောင်းကြတာလည်း ရှိတယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ်။ဇာမဏီအကျိုးဆောင် ဦးကျော်စွာက ဒဂုံဘက်မှာတော့ ဈေးသိပ်မတက်ပါဘူး။ အတွင်းလမ်းတွေမှာ တစ်လကို ကျပ်လေးသိန်းငါးသိန်းပေးရတဲ့နေရာတွေ ရှိတယ်။ အငှားများကြတော့ ကျပ် ၁၅၀,၀၀၀ အောက်နေရာတွေပါ။ အရှေ့ပိုင်းမှာဆို ကျပ် ခြောက်သောင်းခုနှစ်သောင်းတန်တွေ ရှိပေမဲ့ ရေမီးမစုံတာတွေ နေရာအတွင်းကျတာတွေဖြစ်ပြီး သွားလာရလွယ်ကူတဲ့နေရာတွေမှာတော့ ကျပ်တစ်သိန်းအောက် မရှိဘူး’လို့ ရှင်းပြပါတယ်။ဈေးတိုးတောင်းတယ်ဆိုတာကဈေးတိုးတောင်းကြတယ်ဆိုတာက တချို့အကျိုးဆောင်တွေနဲ့ အိမ်ရှင်တွေကနေ ဈေးကိုမတန်တဆတိုးတောင်းကြတယ်။ ဆက်မငှားရင် နောက်လူထပ်ရှာလို့ရတယ်ဆိုတာမျိုးနဲ့ စာချုပ်တစ်ခါပြည့်တိုင်း ဈေးတစ်ခါတိုးတောင်းတာမျိုးတွေ ပြုလုပ်ကြတယ်။သင်္ဃန်းကျွန်းမြို့နယ်မှာ အိမ်ငှားနေသူ ဒေါ်တင်ဇာက ‘အိမ်ငှားနေတဲ့သူတွေအနေနဲ့ ဈေးတိုးတာမတန်မှန်းသိလဲ ပြောင်းရွှေ့ရမှာနဲ့ ပွဲစားကို အကျိုးဆောင်ခထပ်ပေးရမှာနဲ့တွက်ပြီး ဆက်ငှားနေကြရတာတွေပါ ၊ တချို့ ၁၀ ချုပ်မှဆိုတာတွေလဲ ရှိတယ်’ လို့ လခတိုးတောင်းတဲ့အပေါ် ကြုံရတဲ့အခက်အခဲကို ပြောပါတယ်။အငှားဈေးကွက်အမြဲတမ်းရှိနေပြီး လူအများစုနဲ့ ဆက်စပ်နေတာကြောင့် အငှားဈေးကွက်ကို ဈေးနှုန်းတည်ငြိမ်အောင် ထိန်းနိုင်ဖို့က အရောင်းဈေးကွက်ကို ထိန်းရတာထက် ခက်ခဲတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။Source: The Kumudra
Facebook comments