မြန်မာ့အိမ်ခြံမြေ ပြည်ပထိုးဖောက်နိုင်ဖို့ အကျိုးဆောင်တွေ ပူးပေါင်းဖို့လိုဟုဆို
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက် ပြည်ပနိုင်ငံတွေမှာ သွားရောက်ထိုးဖောက်နိုင်ဖို့အတွက် အကျိုးဆောင်တွေအနေနဲ့ စုပေါင်းပြီး လုပ်ဆောင်သင့်တယ်လို့ ပါမောက္ခဒေါက်တာအောင်ထွန်းသက်ထံက သိရပါတယ်။
‘အခုက ပြည်ပနိုင်ငံတွေက အကျိုးဆောင်ကုမ္ပဏီတွေကပဲ ဒီနိုင်ငံမှာ လာရောက်ပြီး ရုံးခွဲတွေဖွင့်ကြတာများတယ် ၊ အမှန်ဆိုရင် ပြည်တွင်းက အကျိုးဆောင်တွေလဲ မြန်မာပြည်သူတွေအများကြီးနေထိုင်တဲ့ မြန်မာပြည်သူတွေ အများကြီးနေထိုင်တဲ့ နိုင်ငံတွေမှာ ရုံးခွဲတွေခွဲဖွင့်ပြီး စီးပွားရေး ဖြန့်ကြက်သင့်တယ်’ လို့ ပါမေက္ခဒေါက်တာအောင်ထွန်းသက်ကပဲ ပြောပါတယ်။
အခုနောက်ပိုင်း ပြည်ပနိုင်ငံတွေမှာ အိမ်ခြံမြေအရောင်းပြပွဲတွေကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ပှုးပေါင်းပြသကြတာတွေရှိပေမဲ့ ကိုယ်တိုင်ရုံးခွဲဖွင့်လှစ်ပြီး အကျိုးဆောင်သွားရောက်လုပ်ကိုင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ သည်လိုအရောင်းပြပွဲသွားရောက်ပြသမှုမှာလည်း အကျိုးဆောင်ကဏ္ဍအနေနဲ့ လုပ်ငန်းတွေချဲ့ထွင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ပြည်တွင်းကို ဝင်ရောက်လုပ်ကိုင်လာတဲ့ အကျိုးဆောင်လုပ်ငန်းတွေကတော့ စင်ကာပူက အများဆုံးဝင်ရောက်မှုတွေရှိနေပြီး အကျိုးဆောင်လုပ်ငန်းတွေအပြင် တခြားဆောက်လုပ်ရေးလုပ်ငန်းတွေကပါ ဝင်ရောက်လုပ်ကိုင်တာတွေရှိနေပါတယ်။ ပြည်တွင်းက လုပ်ငန်းတွေကတော့ လက်ရှိမှာ အွန်လိုင်းကတစ်ဆင့် အငှားလုပ်ငန်းတွေကို ဆောင်ရွက်တာမျိုးရှိပေမဲ့ ကိုယ်တိုင်သွားရောက်မှုနည်းပါးနေတာဖြစ်ပါတယ်။
အစိုးရသစ်လက်ထက်မှာတော့ စီးပွားရေးနဲ့ပတ်သက်ပြီး ပတ်ဆို့မှုတွေဖြေလျောလာနိုင်တာကြောင့် နိုင်ငံအတွင်းက အိမ်ခြံမြေလောကသားတွေအနေနဲ့ ကြိုတင်ပြီးပြင်ဆင်မှုတွေ ပြုလုပ်ထားသင့်တယ်လို့ သိရပါတယ်။
Source: The Kumudra
Facebook comments