09-261334475

ဒဂုံမြို့သစ်လေးမြို့နယ် အိမ်ခြံမြေ အငှါးဈေးကွက် ပြန်လှုပ်လာမှာလား

ဒဂုံလေးမြို့နယ်တွေရဲ့ ဖွံဖြိုးလာတဲ့ အခြေအနေတွေကို အကြောင်းပြုပြီးဒဂုံမြေဈေးတွေ ပြန်လှုပ်နိုင်ခြေနဲ့ ပြန်လှုပ်နေသူတွေရှိတာကြောင့် သည်ရက်ပိုင်းမှာ အဝယ်တွေပြန်ပြီး အာရုံစိုက်တာတွေရှိလာတယ်လို့ သိရပါတယ်။
ဒဂုံမြို့သစ်လေးမြို့နယ်ရှိ မိန်းလမ်းမကြီးတွေ ချဲ့နေတဲ့ လုပ်ငန်းတွေ ပြီးစီးတော့မှာ ဖြစ်သလိုတန်ဖိုးနည်းအငှါးအိမ်ရာတွေကလည်း ပြီးစီးတော့မှာပါ။ 

ဒဂုံအရှေ့ပိုင်းနဲ့ ဆက်စပ်နေတဲ့ ရွှေပေါက်ကံတံတားလဲ ပြီးသွားပြီဖြစ်
တာကြောင့် နောက်ပိုင်မှာ ဈေးကွက်ပြန်ကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့အဝယ်တချို့က ဈေးစုံစမ်းတာတွေရှိလာတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ဒဂုံသီးသန့် အကျိုးဆောင် မကေသီက ' ဈေးနှုန်းတွေကတော့ မတက်ဘူး၊ အဝယ်တွေရဲ့ အာရုံပြန်စိုက်မှုတွေ ရှိနေပြီး ဈေးကွက်ထဲမှာ စုံးစမ်းတာတွေရှိနေတယ်၊ ဒဂုံဈေးကွက်က စီမံကိန်းတွေအများကြီးကြောင့် အခုလို ဈေးတွေနဲ့ စိတ်ဝင်စားခံနေရတာဆိုတော့ ဈေးကွက်ပြန်ကောင်း
လာဖို့တော့ ရှိပါတယ် ' လို့ပြောပါတယ်။

ဒဂုံလေးမြို့နယ်ရဲ့ တချို့နေရာတွေ မှာသွားဖို့ လမ်းအဆင်မပြေတဲ့နေရာတွေနဲ့ လူနေနည်းနေသေးတဲ့ နေရာတွေရှိနေသေးပါတယ်။ အရင်ဈေးကွက်ကောင်းနေတုန်းက အမြင့်ဈေးပေးပြီး ဝယ်ထားကြပေမဲ့အခုချိန်မှာလက်ရှိပေါက်ဈေးနဲ့ ရောင်းတာတောင်အဝယ်ဈေးကွက်ပျောက်နေတာကြောင့် ဈေးကွက်ပြန်လှုပ်ပြီး ပွဲပြန်ဆူစေချင်သူတွေရှိတယ်။ တကယ်ရင်းနှီးမြှုပ်နှံဖို့ ဝယ်မယ်ဆိုရင် ဝယ်သင့်တဲ့ အချိန်ကောင်းဆိုပေမဲ့ သေးချာရွေးချယ်ပြီး ဝယ်ယူသင့်တယ်လို့ သိရပါတယ်။ 

ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က ' ဒဂုံအရှေ့နဲ့ ဆိပ်ကမ်းဘက်တွေမှာ ပိုပြီး စိတ်ဝင်စာကြတယ်၊ အစိုးရပရောဂျက်တွေရော ပုဂ္ဂလိက ပရောဂျက်တွေပါ ရှိနေတာဆိုတော့ ဖွံဖြိုးတိုးတက်လာမယ့် အခြေအနေကများတယ်၊ လက်ရှိဈေးကွက်ထဲမှာ သိန်း၅၀ ကျော်လေးနဲ့ တောင် ဝယ်လို့ရတဲ့နေရာတွေရှိတယ်' လို့ပြောပါတယ်။

ဘယ်နေရာမှာ ဘယ်ပရောဂျက်တွေကတော့ စနေပြီး ပြီးနေပြီးဆိုပြီး ဈေးကွက်ကို အသက်ဝင်အောင် လှုပ်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဝသုန်အကျိုးဆောင်မှ ဦးတင်အောင်က ' စတော့ခ်ရှယ်ယာဝင်လာတော့ အိမ်ခြံမြေဘက်ကို ရင်းနှီးမြှုပ်နှံမှုအနည်းငယ်တော့ လျှော့သွားနိုင်တယ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင်ဆောက်လုပ်ရေးထဲကို ဝင်ရောက်နိုင်တာတွေကြောင့် ဈေးကျနိုင်မယ်လို့လဲ ပြောကြတာပဲ၊ မြေဈေးကတော့ အတက်မရှိလောက်ပါဘူး ၊ ဒဂုံတွေကတော့ စီးပွားရေအတွက် ရင်းနှီးမြှုပ်နှံမယ့် သူတွေတော့ရှိနေမှာပါပဲ ' လို့ပြောပါတယ်။

အရင်က မြေတစ်ကွက်ကို ကျပ်သိန်း ၃၀၀ ကျော်ရှိတဲ့ နေရာတွေမှာ ကျပ်သိန်း ၂၀၀ ခန့်ရှိပြီး ဖွံဖြိုးတိုးတက်မှုနည်းနေသေးတဲ့နေရာတွေရဲ့
မြေကွက်ဈေးတွေက သိန်း၅၀၀ ကျော်နဲ့ သိန်း၆၀ ကျော်လေးတွေပဲ ဈေးတန်မှာ တင်တာများပြီးသိန်း၁၀၀ ကျော်အကွက်ကတော့ နေဖို့အတွက် ဝယ်သူတွေနဲ့ ငွေတက်နိုင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေသာ ဝယ်ယူတာမျိုး ရှိတယ်လို့ အကျိုးဆောင် တချို့ထံက သိရပါတယ်။

Source: Kumudar

Facebook comments