09-261334475

ပုသိမ်မြို့ရှိ အငြင်းပွားမြေယာများအတွင်း တိုင်းဒေသကြီးအစိုးရက မြေကွက်များ ထပ်မံချပေးသဖြင့် ဒေသခံတောင်သူများ ကန့်ကွက်

ပုသိမ်မြို့ အမှတ် (၁၃) ရပ်ကွက်ရှိ တောင်သူများနှင့် လုပ်ငန်းရှင်များ အငြင်းပွားလျက်ရှိ သော လယ်မြေများအတွင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ က အိမ်ရာမြေကွက် ၇၁ ကွက်ကိုထပ်မံချထားပေးသဖြင့် ဒေသခံတောင်သူများက လက်မှတ်ရေးထိုး ကန့်ကွက်ထားကြောင်း သိရ သည်။

မတ်လ ၁၅ ရက်တွင် ဧရာ ဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၆) ဆုံးဖြတ်ချက် အမှတ် (၁၉)၌ ပထမဦးစားပေး ၇၁ ဦးအား အဆိုပါမြေကွက်များ၌ ပေ၄၀×၆၀ မြေကွက်များ ချထားပေးခဲ့သည်။

‘‘မြေသိမ်းထားတဲ့ကိစ္စတွေ တောင် ဖြေရှင်းမပေးသေးဘဲနဲ့ အခုထပ်ပြီးတော့ ဦးစားပေး ၇၁ ဦးဆိုပြီး ထပ်ချပေးတယ်။ ဒါ ကြောင့် ကျွန်တော်တို့ ကန့်ကွက် တာ’’ဟု မြေအသိမ်းခံတောင်သူ ဦးသောင်းမြင့်က ပြောသည်။

၁၉၉၁-၉၂ စစ်အစိုးရလက် ထက်တွင် ပုသိမ်အရှေ့မြို့သစ် စီမံကိန်းဟုဆိုကာ တောင်သူ ၄၁ ဦးပိုင်ဆိုင်သည့် မြေဧက ၂၂၀ ကို သိမ်းဆည်းခဲ့သည်။ ယင်းနောက် ပုသိမ်မြို့ရှိ စက်မှုလုပ်ငန်းများကို ယင်းနေရာတွင် ချထားပေးခဲ့သော်လည်း မြေဧကအနည်းငယ်သာ အသုံးပြုခဲ့သည်။

လက်ရှိအစိုးရတက်လာပြီး ၂၀၁၃ နောက်ပိုင်းတွင် ကုမ္ပဏီ တစ်ခုက သိမ်းဆည်းမြေများအ နက် ဧကလေးရာကျော်ကို ရယူ ခဲ့သည်။ ယင်းနောက် ထိုကုမ္ပဏီ က အထည်ချုပ်စက်ရုံတစ်ရုံ တည် ဆောက်ခဲ့ပြီး ကျန်မြေများကို အခြားသော ပြည်တွင်း၊ ပြည်ပမှ အထည်ချုပ်စက်ရုံ တည်ဆောက် မည့်သူများထံ အရောင်း၊ အငှား စနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။

‘‘ကျွန်တော်တို့ မူလသိမ်း ဆည်းခဲ့တဲ့ တောင်သူတွေကို လျော်ကြေး၊ နစ်နာကြေးတွေ ပေးတယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ ကျွန်တောတို့ မရခဲ့ဘူး’’ဟု မြေအ သိမ်းခံတောင်သူ ဦးဝင်းကျော်ခိုင်က ပြောသည်။

ယခု ထပ်မံနေရာချထားပေး သူများတွင် အခြားနေရာ၌ မြေယာသိမ်းဆည်းခံရ၍ မြေအစားထိုး ပေးသူများ၊ အစိုးရထံ မြေရရှိရေး အတွက် လျှောက်ထားသူများ၊ စီး ပွားရေးလုပ်ငန်းရှင်များ၊ စစ်တပ် မှ အငြိမ်းစားယူထားသည့် အရာ ရှိကြီးများ ပါဝင်သည်။

‘‘မြေပေးမိန့်ချထားပေးတာ မှန်တယ်။ ဒါပေမဲ့ ကျွန်တော်က တော့ မယူဘူး။ ဒီမြေက အငြင်း ပွားမြေဖြစ်နေတာရယ်၊ ကျွန် တော့်မြေကိုသိမ်းပြီး ကျွန်တော်တို့ ကို အစားချပေးတော့ မယူရက် ဘူး။ နောက် ဒီတောင်သူတွေနဲ့ ကျွန်တော်တို့ကို ရန်တိုက်ပေးတာ ပဲ’’ဟု မြေပေးမိန့်ရရှိသူ ဦးမောင် မောင်မြက ပြောသည်။

 ယင်းကဲ့သို့ အငြင်းပွားနေမှု ကို ဖြေရှင်းဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရထံ အကြိမ် ကြိမ်အကြောင်းကြားခဲ့သော်လည်းတစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့ကြောင်း ဒေသခံတောင်သူများက ပြောသည်။

‘‘ကျွန်တော်တို့ ၂၀၁၂ လယ် ယာမြေဥပဒေအရ တောင်းဆိုခဲ့ တယ်။ ဖြေရှင်းဆောင်ရွက်မပေး တော့ ကျွန်တော်တို့ပိုင်မြေတွေကို ကိုယ့်ဘာသာ ခြံတွေ ဝင်းခတ် တယ်။ အစိုးရကို ခြံခတ်ကြောင်း အကြောင်းကြားတယ်။ နောက် ဆုံးမှာ စည်ပင်သာယာကနေပြီး တော့ ဒီမြေဟာ အငြင်းပွားမြေ ဖြစ်တာမို့ ကျူးကျော်တာတို့၊ အိမ် ဆောက်တာတို့ မလုပ်ရဘူးဆိုပြီး ဆိုင်းဘုတ်တွေတင်ပြီး တားတဲ့အ ဆင့်အထိ ရှိတယ်’’ဟု မြေအသိမ်း ခံတောင်သူ ဦးထွန်းလင်းက ပြော ကြားသည်။

 တောင်သူများသည် အ ဆောက်အအုံတည်ဆောက်ထား သော မြေများကို လျော်ကြေး၊ နစ်နာကြေးပေးရန်၊ လစ်လပ်လျက်ရှိသော မြေဧကတစ်ရာကျော်ကို တောင်သူများထံ ပြန်လည်ပေးရန် တောင်းဆိုထားသည်။

‘‘မြေယာဥပဒေအရ သိမ်း ဆည်းပြီး ခြောက်လအတွင်း စီမံ ကိန်းအကောင်အထည်မဖော်ရင် မူလတောင်သူကို ပြန်ပေးရမယ် လို့ ပြောထားတယ်။ အခုက ခြောက်လလည်း မကတော့ဘူး။ ခြောက်နှစ်လည်း မကတော့ဘူး။ တောင်သူတွေကိုလည်း ဘာမှပြန် မပေးဘူး’’ဟု တောင်သူလယ် သမားအရေး တက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်းဦးက ပြောသည်။

အစိုးရသက်တမ်းကုန်ခါနီး ရက်အနည်းငယ်အလိုတွင် အ ငြင်းပွားမြေယာအတွင်း မြေကွက် များချထားပေးခြင်းသည် လာမည့်အစိုးရသစ်အတွက် အရှုပ်အထွေးနှင့် ပြဿနာများ ပေါ်ပေါက်စေ ရန် လက်ရှိအစိုးရက ဖန်တီးပေးခဲ့ ခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်သုံးသပ်လျက်ရှိသည်။


Source: 7daydaily

Facebook comments