09-261334475

မြန်မာ့အိမ်ခြံမြေဈေးကွက်၊နိုင်ငံတကာ၌ အသိအမှတ်ပြုနိုင်ရန် ဆုတံဆိပ်များ ချီးမြှင့်သွားမည်


မန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်ခန့်မှ စတင်၍ ပြုပြင်ပြောင်းလဲမှုများနှင့်အတူ အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံတကာမှစိတ်ဝင်စားမှုများကို များစွာရရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု များလည်း ဝင်ရောက်လာခဲ့သည်။


ယခုနှစ်တွင် အဆိုပါ အရှေ့တောင်အာရှ အသိအမှတ်ပြု Property Awards ဆု ရရှိနိုင်ရန် အတွက် ဖွံ့ဖြိုးတိုးတက်လျက်ရှိ သည့် မြန်မာနိုင်ငံလည်း ပါဝင်ယှဉ်ပြိုင်နိုင်ရန် ယင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် လာရောက်ကျင်းပပေးသွားမည် ဖြစ်သည်။ ဆောက်လုပ်ရေး စီမံကိန်းဆု၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်ဆု၊ ဗိသုကာဆိုင်ရာဆုများ စသဖြင့် ဆုပေါင်းများစွာ ချီးမြှင့်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံက လုပ်ငန်းရှင်များ၊ ပညာရှင်များလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင် ကြောင်း ပူးပေါင်းဆောင်ရွက်သွားမည့် House.com.mm ကုမ္ပဏီမှ ပြန်ကြားရေးအရာရှိ ကိုအောင်လင်းထက်က ပြောသည်။

b


“သူတို့တွေက အရှေ့တောင်အာရှရဲ့ အိမ်ခြံမြေဆိုင်ရာဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေကို နိုင်ငံတကာ အသိအမှတ်ပြု ဖြစ်နိုင်အောင် ရွေးချယ်ပြီး ဆုတွေချီးမြှင့်ပေးပါတယ်။ ဒီလို ဆုတံဆိပ်တွေ ရသွားတဲ့သူတွေ ကလည်း အများကြီး အထောက်အကူတွေ ရရှိကြပါတယ်။ ဒီနှစ်ကိုတော့ မြန်မာနိုင်ငံကိုပါ ဆုတံဆိပ်တွေ ရရှိနိုင်အောင် ထည့်သွင်းခဲ့တာပါ။ မြန်မာနိုင်ငံကလည်း အိမ်ခြံမြေ လုပ်ငန်းက ဒီနှစ်ပိုင်းတွေမှာ အောင်မြင် ခဲ့တယ်။ အိမ်ခြံမြေဈေးနှုန်းတွေလည်း မြင့်ခဲ့ တယ်။ဒါကလည်း စိတ်ဝင်စားစရာတစ်ခုဖြစ်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။


အဆိုပါ ဆုချီးမြှင့်ပွဲကို ဆူးလေ ရှန်ဂရီ လာ ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်းကအိမ်ခြံမြေလုပ်ငန်း ကျွမ်းကျင် သူများနှင့် နိုင်ငံတကာအတိုင်ပင်ခံအဖွဲ့များမှ ရွေးချယ်သွားမည်ဖြစ်ကာ ဝင်ရောက် ယှဉ်ပြိုင်လိုသည့် လုပ်ငန်းရှင်များနှင့် ပညာ ရှင်များမှာလည်း ဖေဖော်ဝါရီလ ၆ရက်နေ့ နောက်ဆုံးထား ၍ကုမ္ပဏီ၏ ဝက်ဘ်ဆိုက် http://www.asiapropertyawards.com/myanmarpropertyawards တွင် စာရင်း ပေးသွင်းနိုင်သည်။


မြန်မာနိုင်ငံမှ Property Awards ဆုရရှိသူများသည် ယခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ စင်ကာပူနိုင်ငံ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပမည့် အရှေ့တောင်အာရှ Property Awards ဆုများချီးမြှင့်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။


“အခုလို အိမ်ခြံမြေပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို ဆုတံဆိပ်တွေပေးတာက မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဈေးကွက်ကို လည်း အရည်အသွေး မြင့်လာအောင် တစ်ဖက်တစ်လမ်းက အထောက်အပံ့ပေး နိုင်မှာပါ။ နောက်ပြီး ကမ္ဘာ့ဈေးကွက်ရဲ့ ဝေစုကို တစ်နည်းတစ်ဖုံဝင်ရောက်နိုင်အောင်လည်းအကူအညီပေးနိုင်မယ့် အခွင့် အလမ်းတွေ ဖြစ်ပါတယ်” ဟု အဆိုပါ Property Awards အတွက် တွဲဖက်လုပ်ငန်း လုပ်ဆောင်လျက်ရှိသည့် House.com.mm မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Jan Sommerfeld က ပြောသည်။


ပြီးခဲ့သည့်နှစ်အတွင်း ရန်ကုန်မြို့တွင်း သို့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ၊ အတိုင်ပင်ခံအဖွဲ့များ ဝင်ရောက်လာမှုများ ကြောင့် ရန်ကုန်မြို့တွင် ရုံးခန်းလိုအပ်ချက် မှာ မြင့်တက်ခဲ့ပြီး ရုံးခန်းနေရာငှားရမ်းခ များမှာလည်း အဆမတန် ဈေးများမြင့်တက်ခဲ့ရာမှ နိုင်ငံတကာနှင့် နှိုင်းယှဉ်သည့်အခါတွင်ကမ္ဘာ့ထိပ်တန်းမြို့ကြီးများ၏ ဈေးနှုန်းနီးပါးခန့် ရောက်ရှိခဲ့ကြောင်း ၎င်းကပြောသည်။


၂၀၁၄ ခုနှစ်အတွင်း ရုံးခန်းနေရာငှားရမ်းခမှာ ပျမ်းမျှအားဖြင့် တစ်စတုရန်းပေလျှင် အမေရိကန် ဒေါ်လာ ၁၀၀ ဝန်းကျင် ခန့်ရှိခဲ့သည်။ ထို့ပြင် ဈေးကွက်လိုအပ်ချက်များအရ ဖြည့်ဆည်းနိုင်ရန်အတွက် ဆောက်လုပ် ရေးလုပ်ငန်းများ၊ စီမံကိန်းအသစ်များ လည်း အများအပြားပေါ်ထွက်ခဲ့ပြီး အစိုးရ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အလျင်အမြန် အကောင်အထည် ဖော်မှုများကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု များလည်း တိုးတက်လာခဲ့သည်။ “မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက် ကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု က ၂၀၁၃ နဲ့ ၂၀၁၄ မှာတော်တော် ဝင်ရောက် ခဲ့တယ်။


ရင်းနှီးမြှုပ်နှံမှုနှုန်း အမေရိကန်ဒေါ်လာ ၁,၃၃၈ သန်း လောက်တောင် ရရှိခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာကအသိအမှတ်ပြုဖော်ပြနိုင်ဖို့အတွက် ဆုတံဆိပ် တွေကို ဒီနှစ်မှာစပြီးချီးမြှင့်ဖို့ ဆောင်ရွက်ခဲ့ တာပါ” ဟု ၎င်းကပြောသည်။


Source : http://myanmar.mmtimes.com

Facebook comments