မြစ်ဆုံစီမံကိန်းအနာဂတ်ဟာ အစိုးအသစ်အပေါ်မူတည်ဟု ကချင်ပြည်နယ်စီမံကိန်းဝန်ကြီးပြော
ကချင်ပြည်နယ်မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော်မှာလား ၊ ရပ်ဆိုင်းမှာလားဆိုတာဟာ အစိုးရသစ်အပေါ်မှာမှုတည်နေတယ်လို့ ကချင်ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးခင်မောင်ထွန်းက ပြောပါတယ်။သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြည်သူတွေရဲ့တောင်းဆိုမှုအရ စီမံကိန်းတွေကို ခေတ္တရပ်တန့်ခဲ့ပါတယ်။ အစိုးရသစ်လက်ထက်မှာ သည်စီမံကိန်းကို ဆွေးနွေးရမှာဖြစ်လို့ တရုတ်- မြန်မာဆက်ဆံရေးကိုလည်း နားလည်မှုရှိရှိနဲ့ ညှိနှိုင်းမယ်ဆိုရင် ပိုအဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရတက်လာတဲ့အခါ ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းပြဿနာကို ဖြေရှင်းရမှာဖြစ်ပြီး အစိုးရနဲ့သက်ဆိုင်ရာ ကုမ္ပဏီရဲ့ သဘောတူညီမှုတွေကို ပြည်သူကိုချပြပြီး ဖြေရှင်းမယ်လို့ ဒီချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြစ်ကြီးနားမြို့မှာ မဲစွယ်စည်းရုံးရေးကာလက ပြောကြားခဲ့ပါတယ်။ဖြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်က ‘ပြည်သူသဘောမတူတာဘာမှမလုပ်ဘူး’ လို့ပြောကြားပါတယ်။တရုတ်နိုင်ငံ CPI ကုမ္ပဏီChina Power Investment နဲ့ မြန်မာနိုင်ငံအမှတ်(၁)လျှပ်စစ်ဝန်ကြီးဌာနတို့ ပှုးပေါင်းပြီး မြစ်ဆုံရေအားလျှပ်စစ်ထုပ်လုပ်ရေး အတွက် ၁၀၀၉ ခုနှစ်က သဘောတူလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။Source: The Modern
Facebook comments