09-261334475

စမ်းချောင်းမြို့နယ်အတွင်း တိုက်ခန်းအငှားဈေးကွက်ကောင်းမွန်နေ


 

ရန်ကုန်မြို့တွင်းမြို့နယ်များအတွင်း  စမ်းချောင်းမြို့နယ်အတွင်းအိမ်ခန်းအငှား ဈေးကွက်မှာ အခြားမြို့နယ်များထက် ပိုမို ကောင်းမွန်နေကြောင်း ကျွန်တော်တို့ Property.com.mm သတင်းမီဒီယာ အဖွဲ့မှလေ့လာစုံစမ်းသိရှိရပါသည်။

 

မတ်လအတွင်း၌ စမ်းချောင်းမြို့နယ်အတွင်းရှိ အိမ်ခြံမြေဈေးကွက် အခြေအနေများအား အကျိုးဆောင် ကုမ္ပဏီ တစ်ခုသို့ မေးမြန်းခဲ့ရာတွင်

“တိုက်ခန်းအရောင်းဆိုရင်တော့ ဗားကရာလမ်း အထက်ပိုင်း၊ ဗဟိုလမ်းမ ပတ်ဝန်းကျင် လမ်းသွယ်တွေထဲမှာ ကန်ထရိုက် တိုက်ခန်းအရောင်းအ၀ယ်တွေပိုဖြစ်တာ တွေ့ရပါတယ် တိုက်ခန်းဟောင်းတွေ လက်လွှဲရောင်းချတာထက် ကန်ထရိုက်တိုက်ခန်းသစ်တွေကို မေးမြန်းစုံစမ်းကြတယ် အများအားဖြင့် ကန်ထရိုက် တိုက်ခန်းသစ် တော်တော်များများက အရောင်းအ၀ယ်ဖြစ်ပြီးသားများတာ တွေ့ရတယ်။ အရောင်းအငှားဈေးကွက်နှစ်ခုစလုံး တခြား မြို့နယ်တွေထက်စာရင် ပိုဖြစ်တယ် ပြောရပါမယ် အငှားဈေးကွက်ကတော့ စမ်းချောင်းဘက်က ပုံမှန်ရှိပါတယ် အထူးသဖြင့် ၂ သိန်းကနေ ၅ သိန်းကြား တိုက်ခန်းအငှားတွေ အဖြစ်များတာတွေ့ရတယ် ရွှေလောင်းလမ်း၊ ၀ါးခယ်မလမ်း၊ ရန်ကြီးအောင်လမ်းထဲက တိုက်ခန်းတွေ ခုတလော အငှားဖြစ်တယ် ဈေးနည်းနည်းမြင့်တဲ့ အခန်းအငှားတွေဆိုရင် စမ်းချောင်းလမ်း၊ ရှင်စောပုလမ်းဘက်တွေမှာ ရှိပါတယ် ၈ သိန်းကနေ ၁၂ သိန်း ၁၅ သိန်း စဖြင့် အခန်းအနေအထားပေါ်မူတည်ပြီး အငှားခေါ်ကြတယ် အဲဒီဈေးဝန်းကျင်ကတော့ နိုင်ငံခြားသားတွေအကြိုက်  နှုန်းထားသင့် အခန်းတွေပေါ့ မေးမြန်း စုံစမ်းကြတာများပါတယ်” ဟု မြန်မာ့အဖိုးတန်မြေ အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီမှ ကိုမျိုးထိုက်က Property.com.mm သတင်းမီဒီယာအဖွဲ့သို့ ပြောကြားသည်။

 

စမ်းချောင်းပတ်ဝန်းကျင်က မြို့တွင်းဘက်လည်း အသွားအလာ အဆင်ပြေသလို ဈေး၊ ကျောင်း၊ ဆေးရုံစတဲ့ စားဝတ် နေရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အခြေခံလူမှုအဆောက်အအုံတွေလည်း များပြားသလို သွားလာရေး လမ်းပန်း အဆက်အသွယ်အတွက်လည်း သင့်တော်တဲ့မြို့နယ်တစ်ခုဖြစ်တော့ ငှားရမ်းနေထိုင်လိုသူတွေ၊ တချို့လည်း တိုက်ခန်း အိမ်ငန်း ၀ယ်ယူနေထိုင်မှုတွေက အမြဲရှိနေတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ် ကျွန်တော်တို့ ကုမ္ပဏီနေနဲ့လည်း စမ်းချောင်း မြို့နယ်အတွင်း အိမ်ခြံမြေရုံးခွဲတစ်ခု ထပ်မံတိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု Estate Myanmar Enterprise Ltd ( မြန်မာ့အဖိုးတန်မြေ အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ ) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

Property Media Team

www.Property.com.mm

Facebook comments