ခေတ်မီဘက်စုံသုံး ဆိပ်ခံတံတားနှင့် အဆောက်အအုံများ တည်ဆောက်မည်
မြန်မာ့ဆိပ်ကမ်းများကို အဆင့်မြှင့်တင်မှုများပြုလုပ်လျက်ရှိရာ အချို့ဆိပ်ကမ်း များအား နိုင်ငံတကာသဘောင်္ကြီးများ ဝင်ထွက်ဆိုက်ကပ်နိုင်သည် အထိ ဆောင်ရွက်သွားရန် စီစဉ်ထားသည်။ ထိုသို့ ဆိပ်ကမ်းအဆင့်မြှင့်တင်မှု၊ အသစ်တည်ဆောက်မှုများ ပြုလုပ်ရာတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ပိုင်ဆိုင်သည့် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင် ဘုရားနှင့် ဗိုလ်အောင်ကျော်ဆိပ်ခံတံတားအကြား သိမ်ဖြူကမ်းနားဒေသ တွင် ခေတ်မီဘက်စုံသုံး ဆိပ်ခံတံတားနှင့် ဆိပ်ကမ်းသိမ်ဖြူကမ်းနားဒေသ တွင် ခေတ်မီဘက်စုံသုံး ဆိပ်ခံတံတားနှင့် ဆိပ်ကမ်းအထောက်အကူပြု အဆောက်အအုံများကို တည်ဆောက်တော့မည်ဖြစ်သည်။“ဒီစီမံကိန်းကို MIC က ခွင့်ပြုတာနဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ စတင် တည်ဆောက်သွားမယ်။ တည်ဆောက်မယ့် ကာလကတော့လက်ရှိ အဆောက်အအုံတွေကို ရွှေ့ပြောင်းရေးလုပ်ရမှာက တစ်နှစ်နဲ့ တည်ဆောက်ကာလ အနေနဲ့ သုံးနှစ်ဆိုတော့ စုစုပေါင်း လေးနှစ်အတွင်း အပြီးတည်ဆောက်သွားဖို့ ရှိပါတယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောသည်။ခေတ်မီဘက်စုံသုံး ဆိပ်ခံတံတားနှင့် ဆိပ်ကမ်းအထောက်အကူပြု အဆောက်အအုံများကို BOT စနစ်ဖြင့် အကောင်အထည်ဖော် တည်ဆောက်ကာ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်သည်။ ထိုသို့ဆိပ်ကမ်းဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါက တန်ချိန် ၁၅၀၀၀ ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်တင် ရေယာဉ်ကြီးနှစ်စင်း တစ်ပြိုင်တည်း ဆိုက်ကပ်၍ ကုန်တင်၊ ကုန်ချပြုလုပ်နိုင်မည်ဖြစ်သည်။ယခုပြုလုပ်မည့် ဗိုလ်တထောင်ဘုရားနှင့် ဗိုလ်အောင်ကျော်ဆိပ်ခံ တံတားအကြား သိမ်ဖြူကမ်းနားဒေသတွင် ဆိပ်ကမ်းဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်ပါက နိုင်ငံတော်၏ ပို့ကုန်သွင်းကုန်များ ကိုင်တွယ်မှု ပိုမိုတိုးတက် လာမည်ဖြစ်သည်။ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် ဗိုလ်တထောင်စေတီအား မထိခိုက် စေရန်နှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ထို့အပြင် ဆိပ်ခံတံတားများ တည်ဆောက်ရာတွင် ဆိပ်ခံတံတား ၏ အောက်ခံပိုင်တိုင်များကို Bore Pile များ အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောထောက်နောက်ခံ အဆောက်အအုံ များ ဆောက်လုပ်ခြင်းကိုလည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီသို့ ခွင့်ပြုချက်တောင်းခံကာ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။Source: MOI Webportal Myanmar
Facebook comments