09-261334475

မိမိအိမ်ခြံမြေလူကြိုက်များစေဖို့


☺☺☺ မိမိအိမ်ခြံမြေလူကြိုက်များစေဖို့ ☺☺☺

ကျယ်ပြန့်လာသော အင်တာနက်ကြော်ငြာကဏ္ဍနှင့်အတူ ထိရောက်ပြီး လူကြိုက်များသော အိမ် ခြံ မြေ များ ဖန်တီးကြော်ငြာနိုင်စေရန် နည်းလမ်းကောင်းအချို့ကိုမျှဝေလိုက်ပါတယ်။

၁။ လေ့လာကြည့်ရှု့သူကိုစိတ်ဝင်စားစေမည့် ဓာတ်ပုံများ ပါဝင်ခြင်း လှပသော ဓာတ်ပုံနှင့်တကွဖော်ပြခြင်းဟာ ကြည့်မြင်ရသူ၏ စိတ်ဝင်စားမှုကို ရရှိစေမှာဖြစ်ပါတယ်။ သင့်ဓာတ်ပုံ၏ အရည်အသွေးပေါ်တွင်မူတည်ပြီး Search Engine Optimization တွင်လည်း ကြည့်ရှုသူအရေအတွက် အလိုက် Ranking တက်စေတာကြောင့် Search Enging တွင် Key Word နှင့် ရှာဖွေပြီး ဓာတ်ပုံဖြင့် ကြည့်ရ၍သူများနှင့် ထိတွေ့စေမှာဖြစ်ပါတယ်။

၂။ ဖော်ပြချက် (သို့) Description များ ပြည့်စုံခြင်း သင့်အိမ်နှင့်ပါတ်သက်သော ဖော်ပြချက်များကို အိမ်၏ လေဝင်လေထွက်ကောင်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းခြင်း စသော အားသာချက်များ အပါအဝင် အကောင်းဆုံးနှင့် အပြည့်စုံဆုံး ဖော်ပြပေးခြင်း၊ သေချာရှင်းလင်းစွာ ရေးသား ဖော်ပြခြင်းတို့ကိုလည်း ဂရုတစိုက် ဆောင်ရွက်သင့်ပါတယ်။ စိတ်ဝင်စားသောကြောင့် တိုက်ရိုက် ဆက်သွယ်လာသူများကို  သေချာရှင်းပြမည် အစီအစဉ်နဲ့ ပြည့်စုံသော Description သို့မဟုတ် ဖော်ပြချက်များအစား အပြီးစလွယ်ဖော်ပြကြသော တစ်ချို့ အိမ်ပိုင်ရှင် များဟာစေ့စပ်သေချာစွာ လေ့လာပြီး ဝယ်ယူလိုသူများနှင့်လွဲချော်နိုင်စေပါတယ်။

၃။ ပါဝင်သော Facilityများ ပြည့်စုံစွာ ဖော်ပြခြင်း အသုံးများသော အဆင့်မြင့် အိမ်ခြံမြေ Website များတွင် ရှာဖွေသူများအတွက် တိကျလွယ်ကူစွာ ရှာဖွေနိုင်သော Advance Search Function များဖြင့် ဝယ်ယူလိုသူ စိတ်တိုင်းကျ လိုချင်သော အချက်အလက်အတိအကျကို ရွေးချယ်ရှာဖွေနိုင်ရန် စီစဉ်ထားကြပါတယ်။ ရှာဖွေသူ ဆိုသည်ကလည်း ရွေးချယ်လို့ ရသမျှ တိတိကျကျ ရှာဖွေကြမှာပါပဲ။ ဒီလိုရှာဖွေကြတဲ့အခါမှာ စုံလင်သော Facility များ ဖြင့်ဖော်ပြခြင်းအားဖြင့် ပိုမိုထိရောက်စေမှာ ဖြစ်ပါတယ်။

၄။ Data များ၏ Update အခြေအနေအား အလေးထားခြင်း မိမိဖော်ပြထားသော Data ၏ ဈေးနှုန်းပြောင်းလဲမှု၊ Facilities ပါဝင်မှု၊ ရောင်းပြီး ငှားပြီးအခြေအနေ စသဖြင့်သော ပြောင်းလဲမှု အားလုံး ကို မိမိ Data အား အချိန်ကုန်ခံ၊ အပင်ပန်းခံ ရှာဖွေကြည့်ရှုမည့် Customer များသို့ အချိန်နှင့် တပြေးညီ Information ပေးသင့်ပါတယ်။ Facebook Page များတွင် ကြော်ငြာလျှင်ပင် ဖော်ပြပါ ပြောင်းလဲမှု အခြေအနေများကို အလေးအနက်ထား ဖော်ပြခြင်းအားဖြင့် မိမိ Customer များအား တစ်နည်းတစ်လမ်းဖြင့် ကူညီရာ ရောက်စေမှာဖြစ်ပါတယ်။

၅။ မှန်ကန်ပြီး Update ဖြစ်သော ဆက်သွယ်ရန် အချက်အလက်များဖြစ်ခြင်း Customer များ ဆက်သွယ်နိုင်ရန် အတွက်ဖော်ပြထားသော ဖုန်းနံပါတ်များ အီးမေးလ်လိပ်စာများ မှန်ကန်မှုရှိစေရန် အထူးဂရုစိုက်သင့်ပါတယ်။ ထိုကဲ့သို ဖော်ပြပြီးလျှင်လည်း စိတ်ဝင်စားသူများ ဆက်သွယ်ရာတွင် ခက်ခဲမှုမရှိစေရန်ဆောင်ရွက်ထားခြင်း၊ အီးမေးလ်မှ ဆက်သွယ် လာသူများကိုလည်း အချိန်မလင့် အကြောင်းပြန်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါတယ်။ ဖော်ပြထားသော ဖုန်းနံပါတ်များသို့ ဆက်သွယ်ရာတွင် စက်ပိတ်ထားခြင်း၊ အချိန်များစွာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေခြင်း၊ Email မှ ဆက်သွယ်ရာတွင်လည်း အကြောင်းပြန်မှု နောက်ကျခြင်း (သို့) လုံးဝ အကြောင်းမပြန်ခြင်းစသော အပြုအမှုများကြောင့် မိမိ Customer ကို စိတ်အနှောက်အယှက်ဖြစ်စေပြီး မိမိလုပ်ငန်း (သို့) ကုမ္ပဏီ ၏ နာမည်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

မိမိ အိမ်၊ ခြံ၊ မြေ များကို Facebook စာမျက်နှာများတွင်ဖြစ်စေ၊ အဆင့်မြင့် Search Function များပါဝင်သော Website မျာတွင် ကိုယ်တိုင်ဝင်ရောက် ကြော်ငြာသည့်အခါတွင် ဖြစ်စေ၊ လုပ်သက်ရင့် အကျိုးဆောင်များကိုအပ်နံှသည့်အခါတွင် ဖြစ်စေ ယခု ဖော်ပြထားသော အချက်အလက်လေးတွေဟာ လူကြိုက်များသော၊ ရွေးချယ်သူ များသော အိမ်၊ ခြံ၊ မြေ များ ဖြစ်ရန် နည်းလမ်းကောင်းများ ဖြစ်ပါတယ်။

မြန်မာ့အိမ်ခြံမြေသတင်းဌာန Myanmar Property News - MPN

Facebook comments