09-261334475

ဘဏ်ချေးငွေဖြင့် အိမ်ရာ ဝယ်ယူမှု လျောနည်းလာ

မြန်မာနိုင်ငံဍ် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ငွေကြေးစျေးကွက် မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိရာ အိမ်ခြံမြေကဏ္ဍတွင် နှစ်ရှည်အရစ်ကျ အိမ်ရာချေးငွေဖြင့် အိမ်ဝယ်လိုသူများ လျော့နည်းသွားသည်ကို တွေ့ရှိရကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ဆိုကြသည်။

ဘဏ်များကဝန်ဆောင်မှုများကို ပုံမှန်အတိုင်းပြန်လည် လုပ်ဆောင်လျက်ရှိသော်လည်း အိမ်ရာချေးငွေ ထုတ်ချေးသည့်နေရာဍ် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေသည့် သဘောကိုတွေ့ရကြောင်း ဇလပ်ပွင့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်အောင်က ပြောသည်။

" ဘဏ်တွေက အိမ်ရာချေးငွေတွေကို မချေးပေးတော့ဘူးလို့ တရားဝင်ထုတ်ပြန်တာတော့ မရှိသေးပေမယ့် လုပ်ငန်းတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်နေတဲ့သဘောကို တွေ့ရပါတယ်။ ဒါကလည်း နိုင်ငံရေး မတည်မငြိမ်ဖြစ်တဲ့အခါ ဘဏ်ကငွေတွေကို စုပြုံထုတ်ရင် ဘဏ်ရဲ့ လုပ်ငန်းတွေ ဆက်မလုပ်နိုင် ဖြစ်မှာစိုးရိမ်တဲ့အတွက် ထိ န်းသိမ်းလုပ်နေတာလို့မြင်ပါတယ် " ဟု ဦးမျိုးမြင့်အောင်က ဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အိမ်ခြံမြေစျေးကွက် အတွင်း ဝယ်ယူသူအများစုမှာ အမှန်တကယ်အိမ်ရာ လိုအပ်ချက်ကြောင့် ဘဏ်ချေးငွေများဖြင့် ဝယ်ယူသူများ ဖြစ်ကြသည်။ နိုင်ငံရေးအခြေအနေများ ကြောင့် ရင်းနှီးမြှပ်နှံသူများနှင့် စျေးကစားလိုသူများအဝယ်ရပ်တန့်နေသော်လည်း အိမ်လိုအပ်ချက်ကြောင့် ဝယ်ယူလိုသူများမှာ ယခုရက်ပိုင်းအတွင်း ဆက်လက်စုံစမ်းမှုအနည်းငယ် ရှိနေကြောင်းလည်း ဦးမျိုးမြင့်အောင်က ပြောသည်။

သို့သော် ဘဏ်ချေးငွေဖြင့် အသစ်ဝယ်ယူမှု့နှုန်းထားမှာ ရာနှုန်းပြည့်နီးပါးကျဆင်းနေပြီး ဘဏ်ချေးငွေလျောက်ထားသူများမှာလည်း အချိန်အနည်းငယ် စောင့်ဆိုင်းရဖွယ်ရှိကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။

လူစုလူဝေးပြုလုပ်ရန် ခက်ခဲသည့် အခြေအနေတွင် အွန်လိုင်းကိုသာ အားထားလုပ်ကိုင်နေရသော အွန်လိုင်းအိမ်ရာ အရောင်းပြပွဲများအတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း၊ ဖေဖော်ဝါရီလ အတွင်း ပြုလုပ်ရန်စီစဉ်ထားသည့် အွန်းလိုင်းအိမ်ရာ အရောင်းပြပွဲများကိုလည်း နောက်ဆုတ်ရန် အစီအစဉ်များ ပြန်လည်ရေးဆွဲနေရေဲကာင်းလည်း Shwe Property.com မှ တည်ထောင်သူနှင့် ဒါရိုက်တာ ဦးကောင်းသူဝင်းက ဆိုသည်။

" နိုင်ငံခြားရင်းနှီးမြှပ်နှံမယ့်သူတွေက အခုအကုန်လုံး ခဏရပ်ထားလိုက်ကြတယ်။ အိမ်ရာချေးငွေတွေနဲ့ ရောင်းချနိုင်ဖို့ နိုင်ငံရေးရော၊ ငွေကြေးအခြေအနေပါ တည်ငြိမ်နေဖို့ လိုအပ်တယ်။ ၂၀၂၁ မှာ စျေးကွက်အတွင်း ရောက်လာမယ့် အိမ်ရာ စီမံကိန်းတွေလည်း နောက်ကျမယ့် အနေအထားမှာ ရှိနေတယ် " ဟု ဦးကောင်းသူဝင်းက ဆိုသည်။

ကိုဗစ်ကြောင့် အထိနာနေခဲ့သော မြန်မာနိုင်ငံ၏ အိမ်ခြံမြေစျေးကွက် အခြေအနေမှာ ယခုထပ်မံ ရျ် နိုင်ငံရေးမတည်မငြိမ်မှု ပြသာနာများကြောင့် ၂၀၂၁ ခုနှစ်တွင် ပြန်လည်ဦးမော့လာနိုင်ချေ မရှိတော့ကြောင်း အချိန်ယူရဦးမည်ဖြစ်ကြောင်းလည်း ဦးကောင်းသူဝင်းက ပြောသည်။ ယင်းအပြင် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှု့အခြေအနေများ ဖြစ်ပေါ်လာပါက ရင်းနှီးမြှပ်နှံမှုများ ထပ်မံကျဆင်းသွားပြီး စီးပွားရေးအရ များစွာ ထိခိုက်မှု့များ ဖြစ်ပေါ်လာနိုင်ကြောင်းလည်းငုင်းက ဆိုသည်။

ွSource : Myanmar Times

Facebook comments