09-261334475

မြို့သစ်ဖြစ်ပေမဲ့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေပြီး စည်ကားတဲ့ မြောက်ဒဂုံမြို့နယ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေထဲမှာ မြောက်ဒဂုံမြို့နယ်ဟာ သီးသီးသန့်သန့် တည်ရှိနေပြီး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့ပြင် လူနေထူထပ်ပြီး တိုက်တာ အဆောက်အအုံတွေ၊ မော်တော်ယာဉ်တွေ ပြည့်နှက်နေတဲ့ မြို့လယ်နေရာနဲ့မတူဘဲ သီးခြားခွဲထွက်နေတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ တိုးချဲ့မြို့သစ်တွေထဲမှာ မြောက်ဒဂုံမြို့နယ် လည်း တစ်ခုအပါအဝင်ဖြစ်ပြီး မြို့အကျယ်အဝန်းက ၂၆ ဒသမ ၂၈ ကီလိုမီတာ ရှိပါတယ်။ တိုးချဲ့မြို့သစ်ဖြစ်တာနဲ့အညီ မြေကွက်တွေ၊ မြေ လွတ်တွေနဲ့ စက်မှုဇုန်တွေ အများအပြားတည်ရှိနေပြီး တိုးချဲ့မြို့သစ်တွေ ထဲမှာ လမ်းပန်းဆက်သွယ်ရေးအရ အလွယ်ကူဆုံးမြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံရဲ့ အကြီးဆုံး တက္ကသိုလ်တစ်ခုဖြစ်တဲ့ ဒဂုံတက္ကသိုလ်ဟာ မြောက်ဒဂုံမြို့နယ်မှာ တည်ရှိပါတယ်။ ဒါပေမဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း ထဲက ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ကို ခွဲထုတ်လိုက်ပြီးတဲ့နောက် ဒဂုံတက္ကသိုလ်ဟာ လက်ရှိမှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရဲ့ နယ်နိမိတ် အတွင်း ရောက်ရှိသွားပါတယ်။ 

ရန်ကုန်ဘူတာကြီးကတစ်ဆင့် ဒဂုံတက္ကသိုလ်ထိ တိုက်ရိုက်သွား နိုင်တဲ့ ရထားလမ်းလည်းရှိတာကြောင့် မြို့ထဲကကျောင်းသားတွေ ရထားစီးလာလို့ ရပါတယ်။ အလှမ်းဝေးတဲ့ မြို့နယ်တွေက တက္ကသိုလ်ကျောင်းသားတွေ ငှားရမ်းနေထိုင်ကြတဲ့ အဆောင်တွေလည်း အများအပြားတည်ရှိပြီး ဝိုင်ဘီအက်စ်ယာဉ်လိုင်းပေါင်းစုံ ပြေးဆွဲတဲ့အတွက် ရန်ကုန်မြို့ရဲ့ ဘယ်နေရာကမဆို အလွယ်တကူ သွားရောက်နိုင်ပါတယ်။

အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်လာမယ့် မြို့ပြနဲ့အတူ စီးပွားရေးလုပ်ငန်း ရှင်တွေ အိမ်ခြံမြေလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ ကောင်းမွန်တဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ဟာ အစိုးရဝန်ထမ်းတွေအတွက် အဓိကရောင်းချပေးတဲ့ မြို့သစ်တစ်ခုဖြစ်တာနဲ့အညီ အထပ်မြင့်အဆောက်အအုံတွေထက် လုံးချင်းအိမ်တွေသာ အများအပြားတည်ရှိပါတယ်။ 

မြောက်ဒဂုံမြို့နယ်ရဲ့ အိမ်ခြံမြေဈေးကွက်အနေအထားအရ မြေကွက်အရောင်းတွေက ပိုအားကောင်းပြီး လမ်းမတန်းတွေဖြစ်တဲ့ ပင်လုံလမ်းမကြီးနဲ့ ပြည်ထောင်စုလမ်းမကြီးတွေမှာဆိုရင်တော့ တိုက်ခန်းအငှားတွေပိုပြီးစိတ်ဝင်တစားရှိကြတယ်လို့ သိရပါတယ်။

လမ်းသွယ်တွေထဲမှာတော့ မြေတစ်စရန်းပေတန်ဖိုးတွေက ကျပ်၅၀ဝ၀ဝ ပတ်ဝန်းကျင်ရှိပြီး လမ်းမတန်းတွေမှာတော့ တစ်စတုရန်းပေကို ငွေကျပ်နှစ်သိန်းခွဲဝန်းကျင်ထိ ပေါက်ဈေးရှိပါတယ်။ ဝန်ထမ်း အများစုကတော့ လမ်းမတန်းတွေမှာ ငှားပြီးနေထိုင်ဖို့ ပိုပြီးစိတ်ဝင်စားလေ့ရှိကြတယ်လို့လည်း သိရပါတယ်။ အိမ်ဝယ်ဖို့ စိတ်ဝင်စားတဲ့သူ တွေအတွက် မြေကွက်သီးသန့်ဝယ်ပြီး ကိုယ်တိုင်အိမ်ဆောက်တာက အိမ်ဆောက်ပြီးသားကို ဝယ်တာထက် ကုန်ကျစရိတ် ပိုပြီးသက်သာ တာကြောင့် မြေကွက်ကိုသာ ရွေးချယ်ဝယ်ယူစေချင်တယ်လို့  Estate Myanmar Real Estate  က ဒေါက်တာထူးမြတ်နိုင်က အကြံပြုပါတယ်။ 

"အတွင်းလမ်းတွေမှာဆိုရင် မြေဈေးက သိပ်မများဘူး၊ အိမ်ဆောက် လိုက်ရင် ခေါ်ဈေးတွေက အရမ်းတက်သွားတယ်။ မြေဝယ်တာက ပေ ၄၀ ၊ ၆၀ ဆိုရင် သိန်း ၁၂၀ဝ လောက်ရှိတယ်။ အိမ်ဆောက်တာ အပြီး အစီးနဲ့ မြေတန်ဖိုးအပါအဝင် သိန်း ၃ဝ၀ဝ ကျော်လောက်ပဲ ရှိတယ်၊ ဆောက်ပြီးသားဝယ်ရင်တော့ သိန်း ၅ဝ၀ဝ နီးပါး ဈေးခေါ်ကြတယ်"လို့ ဒေါက်တာထူးမြတ်နိုင်က ဆိုပါတယ်။

နေထိုင်မှုပုံစံကအစ မြို့ရဲ့ အခြေခံအဆောက်အအုံပိုင်းတွေမှာပါ ဖွံ့ဖြိုးတိုးတက်လာတဲ့ မြောက်ဒဂုံမြို့နယ်မှာအများစုက လုံးချင်းအိမ်တွေနဲ့သာ နေထိုင်လေ့ရှိကြပြီး အိမ်ခြံမြေဈေးကွက် အနေအထားအရလည်း လုံးချင်းတွေနဲ့ မြေကွက်တွေကိုသာ အများစုက စိတ်ဝင်တစားရှိကြတယ်လို့Shweproperty.com  ရဲ့ Business Development Manager မဟန်နီက ပြောပါတယ်။

"မြောက်ဒဂုံလို့ ပြောလိုက်တာနဲ့ လုံးချင်းကို ပိုစိတ်ဝင်စားကြတယ်၊ ဒီမြို့နယ်က နေထိုင်တဲ့သူတွေအတွက် လုံခြုံတယ်၊ သွားလာရလွယ်ကူတယ်၊ လူသန့်တယ်လို့ ပြောလို့ရတယ်။ နားအေးပါးအေးရှိတာကြောင့် အေးအေးဆေးဆေး နေချင်တဲ့သူတွေ ပိုပြီးစိတ်ဝင်စားကြတယ်။ နေထိုင်ချင်တဲ့သူတွေအတွက်ရော၊ ရင်းနှီးမြှုပ်နှံချင်သူတွေအတွက်ပါ အနာဂတ် မှာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာမယ့် နေရာကောင်းတစ်ခုဖြစ်ပါတယ်" လို့၎င်းကဆိုပါတယ်။

lu-293.jpg

မြောက်ဒဂုံမြို့နယ်ဟာ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်းမြို့နယ်တွေနဲ့ နီးကပ်စွာတည်ရှိပါတယ်။ တစ်နှစ်ထက် တစ်နှစ် တဖြည်းဖြည်းဖွံ့ဖြိုးလာပြီး ၂၄ နာရီဖွင့်လှစ်တဲ့Capital  Hyper 

Market, City Mart  နဲ့ G and G လို ဆိုင်မျိုးတွေရှိတာကြောင့် မြို့နယ် တွင်းနေထိုင်သူတွေ ဈေးဝယ်ဖို့အတွက် မြို့ထဲကို တကူးတက သွားစရာ မလိုတော့ပါဘူး။  

ပင်လုံလမ်းမကြီး တစ်လျှောက်မှာဆိုရင်KFC, Marrybrown, Lotteria  စတဲ့ဆိုင်မျိုးတွေအပြင် တခြားစားသောက်ဆိုင်မျိုးစုံ အစီအရီရှိနေတာကြောင့် အစားအသောက်အတွက် စိတ်ပူစရာမရှိပါဘူး။ ဒါ့ပြင် ရပ်ကွက်တော်တော်များများမှာ ဈေးတွေရှိတာကြောင့် အိမ်ရှင်မတွေ ဈေးသွားဖို့ အဆင်ပြေပါတယ်။ ဦးဝိစာရလမ်းတောက်လျှောက်မှာလည်း စားသောက်ဆိုင်ကောင်းကောင်းတွေအပြင် မကြာသေးခင် ကမှFood Court  ကိုလည်း ဖွင့်လှစ်ထားပါတယ်။ အပန်းဖြေချင်တဲ့ သူတွေအတွက်လည်း နာမည်ကြီးGolden Park Korea Spa ရှိပါတယ်။ မသန်စွမ်းသူများ အားကစားလေ့ကျင့်ရေးစခန်း၊ သေနစ်ပစ် လေ့ကျင့်ရေးကွင်း၊ မြင်းစီးလေ့ကျင့်ကွင်း၊ မြောက်ဒဂုံ ရေကူးကန်တွေ တည်ရှိတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ 

ကျန်းမာရေးအတွက်ဆိုရင်လည်း ပင်လုံဆေးရုံကြီးနဲ့ အရှေ့အနောက်ပါရမီဆေးရုံတို့က နီးနီးနားနားမှာပဲ ရှိနေပါတယ်။ မြို့သစ်တစ်ခုဖြစ်ပေမဲ့ အတော်အသင့် စည်ကားလှတဲ့မြို့ဖြစ်ပြီး မြို့ထဲလို ကားလမ်းပိတ်တာတွေ သိပ်မရှိတာကြောင့် တစ်နေရာနဲ့ တစ်နေရာကို အချိန်တိုတိုအတွင်း သက်သောင့်သက်သာ သွားလာနိုင်ပါတယ်။

မြောက်ဒဂုံမြို့နယ် တစ်ခုလုံးအတွက် သတ်မှတ်ပေးထားတဲ့ မြေကွက်တစ်ကွက် (ပေ ၄၀ _ ၆၀= ၂၄၀ဝ  စတုရန်းပေ) ကို မြေတန်ဖိုးတွေအရ ၂၀၁၈ ခုနှစ်အတွင်းက အနည်းဆုံး ကျပ်သိန်း ၃၀ဝ က အများဆုံး ကျပ်သိန်း ၁၂၀ဝ ထိရှိခဲ့ပြီး အသစ်ပြင်ဆင်မယ့်နှုန်းထားအရ အနည်းဆုံး ကျပ် သိန်း ၅၀ဝ က အများဆုံး ကျပ်သိန်း ၁၅၀ဝ ထိ မြင့်တက်ခဲ့ပါတယ်။ 

မြောက်ဒဂုံမြို့နယ်နဲ့ ကပ်လျက်တည်ရှိနေတဲ့ တောင်ဥက္ကလာပမြို့နယ်အတွက် သတ်မှတ်ထားတဲ့ တစ်စတုရန်းပေ မြေတန်ဖိုးသတ်မှတ်ချက်မှာ ၂၀၁၈ ခုနှစ်အတွင်းက အနည်းဆုံး ကျပ် ၅၅çဝ၀ဝ က အများဆုံး ကျပ် ၂၅၀ဝ၀ဝ အထိရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် အသစ်ပြဋ္ဌာန်းထားတဲ့ သတ်မှတ်မြေတန်ဖိုးက အနည်းဆုံး ကျပ် ၅၀ဝ၀ဝ က အများဆုံး ကျပ် ၂၃၀ဝ၀ဝ အထိ ကျဆင်းသွားခဲ့ပါတယ်။ 

မြောက်ဒဂုံမြို့နယ်ဟာ လေဆိပ်၊ ကားဂိတ်တို့နဲ့ အနီးအနားမှာ တည်ရှိတာကြောင့် အဲဒီနေရာတွေကို ကားနဲ့သွားမယ်ဆိုရင် နာရီဝက်ခန့် အချိန်ပေးရုံနဲ့ မြန်မြန်ဆန်ဆန် ရောက်နိုင်မှာဖြစ်ပါတယ်။ အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကို တိုက်ရိုက်ရောက်ရှိနိုင်တဲ့ ဝိုင်ဘီအက်စ်ယာဉ်လိုင်းတွေလည်း ရရှိတာကြောင့် အချိန်ကုန် ငွေကုန် သက်သက်သာသာ သွားရောက်နိုင်ပါတယ်။ 

Facebook comments