09-261334475

ဘက်စုံကောင်းမွန်သည့် မြို့ပြများဖော်ဆောင်နိုင်ရန် ရေးဆွဲထားသည့်ဥပဒေကြမ်း လွှတ်တော်သို့တင်သွင်း

ဘက်စုံကောင်းမွန်ပြီး စနစ်ကျသည့် မြို့ပြစီမံကိန်းများရေးဆွဲနိုင်ရန် မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းဥပဒေကြမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော် လင်းက ဇွန်လ ၅ ရက်အမျိုးသား လွှတ်တော်အစည်းအဝေးသို့တင် သွင်းခဲ့သည်။


အဆိုပါ ဥပဒေကြမ်းတွင်မြို့ ပြစီမံကိန်းများရေးဆွဲရာ၌ လိုအပ်သည့် သဘောထားပုံစံများ ထည့်သွင်းရေးဆွဲထားကြောင်း ဦးကျော်လင်းကဆိုသည်။


နိုင်ငံတော်အတွင်း နယ်မြေ တစ်ခုနှင့်တစ်ခုဖွံ့ဖြိုးမှု ကွာဟာချက်လျှော့ချနိုင်စေရန် ဘက်ညီမျှသော မြို့ပြများစနစ်တကျ ထူထောင်နိုင်စေရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ကာ ထိုဥပဒေကြမ်း ရေးဆွဲခြင်းဖြစ်ကြောင်း ၎င်းက လွှတ်တော်တွင် ရှင်းပြသည်။


ရန်ကုန်၊ မန္တလေး၊ တောင် ကြီး စသည့်မြို့ကြီးများသည် စီးပွားရေးတိုးတက်ပြောင်းလဲမှုများ ကြောင့် စနစ်မကျသည့်မြို့ပြကြီး ထွားမှုများနှင့် အခြေခံအဆောက် အအုံမလုံလောက်မှုများပေါ် ပေါက်နေပြီးထိုမြို့များကိုစနစ်ကျသည့် မြို့ပြအဖြစ်အကောင်အထည်ဖော်နိုင်ရန် ဥပဒေကြမ်း ရေးဆွဲခြင်းဖြစ်ကြောင်း ဦးကျော်လင်းပြောသည်။


လိုအပ်မည့် မြို့ပြမြေ များဖော်ထုတ်ရာတွင်မြေအသုံး ချမှုဝါဒနှင့်အညီမြေအသုံးပြုမှု ပြောင်းလဲခြင်း၊ ရေရှည်ရှင်သန် ဖွံ့ဖြိုးရေး အရင်းအမြစ်များစဉ် ဆက်မပြတ် ဖန်တီးပေးခြင်းနှင့် မြို့ပြကို အကျိုးထိရောက်စွာ အသုံးပြုနိုင်မည့် အချက်များ ဥပဒေကြမ်း၌ ထည့်သွင်းထား ကြောင်း ၎င်းကဆိုသည်။


ထို့အပြင် လူနေအိမ်ရာ၊ ကျန်းမာရေး၊ ပညာရေး၊ ယာဉ်ကျေးမှု၊ အားကစားနှင့် ကုန်သွယ်ရေးအဆောက်အအုံများ၊ ပန်းခြံ၊ သစ်ပင်စသည့် လူမှုရေး နှင့် စီးပွားရေးအခြေခံအဆောက် အအုံများအတွက် လိုအပ်ချက် ပြည့်မီစေမည်ဖြစ်ကြောင်း ဦး ကျော်လင်းကရှင်းပြသည်။


မြို့ပြစီမံကိန်းရေးဆွဲသည့် လုပ်ငန်းစဉ်တွင်ပတ်ဝန်းကျင်အကျိုးသက်ရောက်မှုဆန်းစစ်ချက်၊ လူမှုရေးအကျိုးသက်ရောက်မှု ဆန်းစစ်ချက်များလည်း ဆောင် ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။


မြန်မာနိုင်ငံ၌ မြို့ ၃၃ဝကျော် ရှိသည့်အနက် မြို့ပေါင်း ၁၃၀ ကျော်၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း သဘောထားပုံစံများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရေးဆွဲထားကာ ကျန်မြို့များ၏ မြို့ပြစီမံကိန်းများကို ပင်မစီမံကိန်းဆက်လက်ရေးဆွဲ အကောင်အထည်ဖော်မည်ဟု ဦးကျော်လင်းက ပြောသည်။ ကျန်မြို့များ၏ မြို့ပြစီမံကိန်းများကို ဥပဒေကြမ်းပါအချက်များအတိုင်းရေးဆွဲမည်ဖြစ်သည်။ အဆိုပါ ဥပဒေကြမ်းအပေါ် ပြင်ဆင်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ကို လွှတ်တော်ဥက္ကဋ္ဌက ဖိတ်ခေါ် ထားသည်။


Source: 7Daydaily

Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။

Facebook comments