09-261334475

ရန်ကုန်တိုင်းအတွင်း ကျေးရွာ ၃၀ သို့ မြေငှားဂရန် ချထားပေးရန် ဗဟိုအဆင့် ဆက်လက်တင်ပြထား

ရန်ကုန်တိုင်းဒေသကြီး အတွင်း ကျေးရွာပေါင်း ၃၀ ကျော်သို့ မြေငှားဂရန်ချပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ခံချက်ပေး၍ ဗဟိုအဆင့်သို့ ဆက်လက်တင်ပြထားကြောင်း သတင်းရရှိသည်။

မြေငှားဂရန် ချထားပေးရန် တင်ပြထားသည့် ကျေးရွာများသို့ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရန် အထူးလုပ်ငန်းအဖွဲ့(ဗဟို)၏ ဆုံးဖြတ်ချက်ကျလာမှသာ ဂရန်ပေးခြင်းလုပ်ငန်းများ စတင်နိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ပြောကြားသည်။

‘‘ဗဟိုအဖွဲ့က ခွင့်ပြုတယ် ဆိုရင် ဂရန်ချထားပေးတဲ့ လုပ် ငန်းကို ထွေအုပ်က ဆက်လက် လုပ်ပေးသွားမှာပါ။ ဒီအစိုးရ လက်ထက်မှာတော့ နောက်ဆုံး တင်ထားတဲ့အမှုတွေကို အတတ် နိုင်ဆုံးအပြတ်ဖြတ်သွားဖို့ရှိတယ်။ ကျွန်တော်တို့ဆီကတော့ ထောက် ခံပေးလိုက်တဲ့ ကျေးရွာ ၃၀ကျော်တယ်။ မပြီးပြတ်ရင်လည်း နောက်အစိုးရက ဆက်လုပ်နိုင်အောင် စနစ်တကျလွှဲပေးမှာပါ’’ဟု ၎င်း က ပြောသည်။

အဆိုပါ ကျေးရွာမြေငှား ဂရန်ချပေးရခြင်းမှာ မြို့ပေါ်မြေ များကဲ့သို့ ပိုင်ဆိုင်မှုအထောက်အထား အခိုင်အမာရရှိစေရန်နှင့် ရောင်းဝယ်မှုများ တရားဝင်ပြု လုပ်နိုင်ရန်ဖြစ်ကြောင်း သတင်း ရရှိသည်။

ယင်းလုပ်ငန်းစဉ်ကို လက်ရှိ သမ္မတဦးသိန်းစိန်၏ လမ်းညွှန် ချက်အရ ၂၀၁၅ နှစ်လယ်ပိုင်းက တည်းက ရှေ့ပြေးအစီအစဉ်အ ဖြစ် စမ်းသပ်လုပ်ဆောင်ခဲ့ကာ ယင်းနှစ်ကုန်ပိုင်း၌ ဂရန်လျှောက် ထားနိုင်ကြောင်း တရားဝင်ကြေ ညာခဲ့ခြင်းဖြစ်သည်။

ရှေ့ပြေးအစီအစဉ်အဖြစ် ဆောင်ရွက်ခဲ့ရာတွင် မြို့နယ် ၂၈၃ မြို့နယ်ရှိ ကျေးရွာ ၂၈၃ ရွာ ၌ အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပြီး ဇွန်လ ၅ ရက်မှ အောက် တိုဘာ ၃၁ ရက်အထိ စုစုပေါင်း မြေငှားဂရန် ၃၂,၀၅၇ ခု ထုတ်ပေးနိုင်ခဲ့ကြောင်း အဆိုပါ လုပ်ငန်းအဖွဲ့က သတင်းထုတ်ပြန် သည်။

ကျေးရွာမြေငှားဂရန်ကို ကျေးလက်နေပြည်သူတစ်ဦးတစ် ယောက်ချင်း အနေဖြင့်သော် လည်းကောင်း၊ အိမ်ထောင်စု ၁၀၀ (သို့မဟုတ်) ခြံကွက် ၁၀၀ တစုတပေါင်းတည်း အနေဖြင့် သော်လည်းကောင်း လျှောက် ထား ဆောင်ရွက်နိုင်သည်ဟု အ ဆိုပါ လုပ်ငန်းအဖွဲ့က ကြေညာ ထားသည်။

ယခုအချိန်တွင် ရန်ကုန် တိုင်းဒေသကြီးမှ လျှောက်ထား သည့် ကျေးရွာများအတွက် ဗဟို အဖွဲ့က စိစစ်မှုများ ဆက်လက်ပြု လုပ်နေဆဲဖြစ်ပြီး ထပ်မံလျှောက် ထားသည့် ကျေးရွာများ မရှိသေး ကြောင်း ဦးစိုးမင်းကပြောသည်။

Source: 7Daydaily

Facebook comments