09-261334475

မန္တလေးကို Smart City အဖြစ် တည်ဆောက်ရာတွင် အခက်အခဲအချို့ရှိ

မန္တလေးမြို့တော်ကို Smart City အဖြစ် တည်ဆောက်ရာတွင် အခက်အခဲအချို့ရှိနေကြောင်း Smart City ကို အဓိကဦးဆောင်ဖော်ဆောင်နေသူ ဦးရဲမြတ်သူက ပြောကြားသည်။

မတ်လ ၁၆ ရက်နေ့က မန္တလေးသတင်းစာပညာသင်တန်းကျောင်းတွင်ပြုလုပ်သော " စမတ်စီးတီး ဘာလဲ၊ ဘယ်လဲ " ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့တော်ကို Smart City အဖြစ် တည်ဆောက်ရာတွင် ဥပဒေပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စနစ်တကျမရှိသေးခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ လူစွမ်းအားအရင်းအမြစ်လိုအပ်ချက်တို့ကို ကြုံတွေ့ နေရကြောင်း ၎င်းက ဆိုသည်။

ရှေးရှေးတုန်းကအတိုင်း ဆက်သွားပြီး ကျန်နေခဲ့လို့ မဖြစ်တော့ဘူး။ ဒါတွေမပါပဲနဲ့လည်း ဖြစ်နိုင်တဲ့၊ လုပ်နိုင်တဲ့ စွမ်းအားထဲကပဲ ရအောင်ကြိုးစားသွားမယ် " ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးလည်းဖြစ်သူ ဦးရဲမြတ်သူက ပြောကြားသည်။

လက်ရှိတာဝန်ထမ်းဆောင်နေသော စည်ပင်ကော်မတီဝင်များလက်ထက်တွင် မန္တလေးမြို့၏ လမ်းများ၊ အမှိုက်သိမ်းဆည်းမှုစနစ်များ၊ လမ်းမီးများ ထွန်းပေးနိုင်ခြင်းများသည် ယခင်ခေတ်ကာလများထက် သိသာစွာ ပိုမိုကောင်းမွန်လာခဲ့သော အချက်များဖြစ်ကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူအချို့က သုံးသပ်ပြောကြားသည်။

မြို့တော်ဝန် ဦးရဲလွင် ဦးဆောင်သော စည်ပင်ကော်မတီဝင်များလက်ထက်တွင် မန္တလေးမြို့ကို အာဆီယံနိုင်ငံများတွင်ရှိသော မြို့များအနက် Smart City ဖြစ်ရန် အလားအလာအကောင်းဆုံးမြို့ ၁၀ မြို့ စာရင်း၌ အဆင့် ၅ နေရာသတ်မှတ်ခံခဲ့ရကြောင်း အာဆီယံစမတ်စီးတီးမြို့များကွန်ရက်တွေ့ဆုံပွဲ မှတ်တမ်းများကို ကိုးကား၍ စင်္ကာပူအခြေစိုက်သတင်းစာ CIO တွင် အောက်တိုဘာလက ဖော်ပြရေးသားခဲ့သည်။

Source : The VoiceProperty.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။

Facebook comments