09-261334475

သိမ်းဆည်းခံ မြေဧက ၃၀ ကျော်အတွက် ပဲခူးမြစ်ကူးတံတားသစ်စီမံကိန်း လျော်ကြေးပေးမည်

ပဲခူးမြို့ ဥဿာမြို့သစ် သမိန်ဗရမ်းလမ်း၌တည်ဆောက်မည့်ပဲခူးမြစ်ကူးတံတား (မြို့ဦးကင်း) စီမံကိန်းတွင်ပါဝင်သောသိမ်းဆည်းခံမြေ ၃၂ ဧကအတွက် မြေယာလျော်ကြေးငွေများကိုမတ်လ ဒုတိယပတ်အတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

လျော်ကြေးပေး

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လ၌ စတင်အကောင်အထည်ဖော်နေသော ပဲခူးမြို့ စိန်သာ လျောင်းဘုရားလမ်းနှင့် သမိန်ဗရမ်းလမ်းကို ဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတားသစ်စီမံကိန်း တွင်ပါဝင်သွားသော လယ်သမား၁၆ ဦး၏ မြေ ၃၂ ဧကအား မြို့မြေကိုတစ်ဧကလျှင် ကျပ်သိန်း ၅၀ နှုန်း၊ လယ်ယာမြေတစ်ဧကလျှင် ကျပ် ၂၅ သိန်းနှုန်းအပြင် သီးနှံလျော်ကြေးများပါ ပေး အပ်မည်ဖြစ်သည်။

" စီမံကိန်းမြေနေရာမှာ ပါဝင်သွားတဲ့ လယ်သမားတွေနဲ့တော့ သဘောတူညီချက်ရပြီးပါပြီ။ ရှေ့အပတ်ထဲမှာ လျော်ကြေးငွေပေး တော့မှာပါ။ လက်ရှိ သီးနှံစိုက်ပျိုးထားတဲ့ လယ်တွေကိုလည်း သီးနှံလျော်ကြေးပေးမှာပါ။ ပဲတီစိမ်းတစ်ဧကကို တင်း ၂၀ နှုန်းနဲ့ တစ်တင်း ဈေးနှုန်း ကျပ် ၄၂,ဝဝဝ နှုန်း၊ မြေပဲကိုတော့ တစ်ဧကကို တင်း ၆၀ နှုန်းနဲ့ တစ်တင်းဈေးနှုန်း ကျပ် ၂၂,ဝဝဝပေး သွားမှာပါ။ သူတို့သီးနှံခူးယူခွင့် သုံးပတ်လောက်အချိန်ပေးပြီးမှ စီမံကိန်းလုပ်ငန်းစတင်မှာပါ " ဟု ပဲခူးမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညွန့်ရွှေက ပြောဆိုသည်။

အထောက်အကူပြု

ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)သည် ပဲခူးမြို့တွင်းပိုင်း သမိန်ဗရမ်းလမ်းမှတစ်ဆင့် ဆံတော် တွင်းလမ်း၊ ၎င်းမှတစ်ဆင့် စိန်သာလျောင်းဘုရားနှင့် ပဲခူး-–သနပ်ပင်လမ်းတို့ကို ချိတ်ဆက်ပေးမည်ဖြစ်သဖြင့် ပဲခူးမြို့တွင်း ယာဉ်ကြောရှုပ်ထွေးမှုလျော့နည်းစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန် အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။

"လယ်မြေကတော့ အရင်ဒေသပေါက်ဈေးထက်ပိုရတော့ လယ်သမားတွေအတွက် အဆင် ပြေပါတယ်။ မြို့မြေကျတော့ အရင်အဲဒီနေရာတွေမှာ သိန်းရာချီပေါက်နေတော့ အစိုးရက လျော်ကြေးပေးတာ နည်းသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လမ်းပေါက်သွားတော့ ဒီနားတစ်ဝိုက် အိမ်ခြံမြေဈေးတွေ အဆမတန်တက်သွားတယ်" ဟု ဥဿာမြို့သစ်နေသူတစ်ဦးက ပြောဆိုသည်။

ကုန်ကျခံဆောက်

ပဲခူးမြို့တွင် ပဲခူးမြစ်ကိုဖြတ်ကူးသည့် တံတားမှာတစ်စင်းသာရှိပြီး လက်ရှိတံတားသစ်သည် အရှည် ၅၁၈ ပေ၊ အကျယ်ပေ ၄၀ ရှိ သံကူကွန်ကရစ်တံတားဖြစ်ကာ တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေမှ ကျပ်သန်း ၁၇၀ဝ ကျော် အကုန်ကျခံတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါတံတားနှင့် တစ်ဆက်တည်းဖြစ်သည့် ရန်ကုန်-–မန္တလေးလမ်းဟောင်း ပြင်စည် မီးပွိုင့်မှ ဆံတော်တွင်းလမ်းဆုံအထိ သုံးမိုင် ခန့်နှင့် စိန်သာလျောင်းဘုရားလမ်း၊ ပဲခူး-– သနပ်ပင် လမ်းကြီးအထိ နှစ်မိုင်ခြောက်ဖာလုံတို့ကိုလည်း ကတ္တရာခင်းကွန်ကရစ်လမ်းအဖြစ် အကောင် အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

Source : The Myanmar TimesProperty.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။

Facebook comments