အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသည့် အကျိုးဆောင်များအား ယာယီလိုင်စင်ဖြင့် ကန့်သတ်မည်ဖြစ်သော်လည်း လက်ရှိအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများ အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် ထိခိုက်စေမည်မဟုတ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (Myanmar Real Property Development Association) ဥက္ကဋ္ဌ ဦးတင်မောင်က ဒီဇင်ဘာ ၃၀ ရက်၌ ပြောဆိုခဲ့သည်။
"ဒီလိုင်စင်ပေါ်လာရင် ကျွန်တော်တို့ လုပ်စားလို့မရတော့ဘူးပေါ့။ မဟုတ်ပါဘူး၊ အခုလည်း ခွင့်ပြုထားတယ်။ နောက်လည်း ခွင့်ပြုမယ်။ ဒါပေမဲ့ ခွင့်ပြုတယ်ဆိုပေမယ့် စည်းကမ်းလေးနဲ့ညီညွတ်လာအောင် ဝန်ဆောင်မှုဥပဒေနဲ့အညီယာယီလိုင်စင်ထုတ်ပေးမယ်။ ဥပဒေကြမ်းမှာပါတာကတော့ တစ်နှစ်အတွင်း ပြည်သူအားလုံး လျှောက်ရမယ်။ ဒါ ယာယီလိုင် စင်ပေါ့။ သုံးနှစ်အတွင်းမှာ ကော်မတီအသီး သီးကနေ နိုင်ငံတော်နဲ့ညှိနှိုင်းပြီးတော့ ပြဋ္ဌာန်း တဲ့သင်တန်းတွေတက်ရမယ်။ လက်ရှိလုပ်စား နေတဲ့အဝန်းအဝိုင်းအတွင်းမှာ ကျွန်တော်တို့ဟာ ဥပဒေတစ်ခုပြုစုခြင်းကြောင့် ပြည်သူ ကို အလုပ်လက်မဲ့မဖြစ်စေပါဘူး"ဟု ၎င်းက ပြောဆိုသည်။
ယာယီလိုင်စင်လုပ်ရမည်
မကြာမီထွက်ရှိလာတော့မည့် အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်း၌ အသက်(၁၈)နှစ် ပြည့်ပြီးသူမည်သူမဆို အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်ပါက အကျိုးဆောင်ယာယီလိုင်စင် ပြုလုပ်ရမည်ဖြစ်ပြီး ပညာအရည်အချင်းကန့် သတ်ချက်မထားကြောင်း ယင်းအခမ်းအနား မှသိရသည်။
လိမ်လည်မှုအချို့ရှိ
အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသည့်အတွက် လက်ရှိ အချိန်၌ အိမ်ခြံမြေအကျိုးဆောင်လောက အတွင်း ပုံစံအမျိုးမျိုးဖြင့်ဝင်ရောက်လုပ်ကိုင် နေကြပြီး လိမ်လည်ရောင်းချမှုနှင့် ပြဿနာ အချို့လည်းဖြစ်ပွားလျက်ရှိသည်။
ဥပဒေလိုအပ်
ထို့ပြင် နိုင်ငံခြားသားအချို့အနေဖြင့် ပြည်တွင်းအိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေခြင်းများ ရှိလာသည့်အပြင် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းများ စနစ်တကျလည်ပတ်နိုင်ရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေတစ်ခုပေါ်ထွက်ရန် လိုအပ်လျက်ရှိကြောင်းသိရသည်။
Source : The Myanmar TimesProperty.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။