09-261334475

နေပြည်တော်က သိန်းထောင်ကျော်အကွက်တွေ ၃၀ ရာခိုင်နှုန်းကျော် အကျဈေးနဲ့ အရောင်းအ၀ယ် ဖြစ်နေ

နေပြည်တော် က ကျပ်သိန်းထောင်ကျော်တန် မြေကွက်တွေ အစိုးရအကူးအပြောင်းကာက မရောက်ခင် ၃၀ ရာခိုင်နှုန်းကျော် အကျဈေးနဲ့ အရောင်းအ၀ယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများထံက သိရပါတယ်။ 

သိန်းသုံးထောင်တန်အတွက် တွေကို သိန်းနှစ်ထောင်ကျော်နဲ့ ရောင်းနေကြတာဖြစ်ပါတယ်။ ပြန်လည်ရောင်းချတဲ့ သူ အများစုဟာ ငွေပေါ်ချင်တာကြောင့် အရှုံးခံပြီး ပြန်ရောင်းနေကြတာပဲ ဖြစ်တယ်လို့ သိရပါတယ်။ 

လျှော့ဈေးနဲ့ ရောင်းသူတွေက အစိုးရ၀န်ထမ်းအရာရှိ တွေနဲ့ နေပြည်တော်စတင်တည်းက ဆောက်လုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အရေအတွက်များ စွာ ပိုင်ဆိုင်နေတဲ့ အိမ်တွေကို ရောင်းချကြတာ ဖြစ်ပါတယ်။ လုပ်ငန်းကိစ္စလာတဲ့ အခါ နေထိုင်ဖို့လိုအပ်ချက်ကို ကြည့်ပြီး ရုံးဖွင့်ကြမယ့် စီးပွားရေး လုပ်ငန်ရှင်တွေနဲ့ ငွေကြေးတတ်နိုင်သူ အများစုက ယခုလို လျှော့ဈေးနဲ့ ရောင်းတာကို ပြန်လည် ၀ယ်ယူကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

ဦးတို့ အကျိုးဆောင်အနေနဲ့ ဆိုရင် အရင်က သိန်းထောင်ချီတဲ့ အကွက် အရောင်းအ၀ယ် ဖြစ်ဖို့ဆို တာ လနဲ့ချီပြီး စောင့်ရတယ်။ တစ်လမှ တစ်ကွက်စာ ဖြစ်ခဲပဲ။ အခု လပိုင်းတွေမှာ တော့ အကွက်ကြီး ၁၀ ကွက်နီးပါးအထိ အရောင်းအ၀ယ်ဖြစ်တယ် လို့ နေပြည်တော် ရွှေလက်ပံ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးကျော်စွာမြင့် ကပြောပါတယ်။ 

ယခင်က ပိုက်ဆံ ရှိလို့ အိမ်ခြံမြေ ၀ယ်ယူထားဖိုက စိတ်ကူးတဲ့ သူတွေ ဟာ ရန်ကုန်နဲ့ မန္တလေးကိုသာ ရွေးချယ်ခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ နေပြည်တော်ကို ပါ ထည့်သွင်း ရွေးချယ်လာတယ်လို့လည်း သိရပါတယ်။ အခု နောက်ပိုင်း သိန်းထောင်ချီအကွက် တွေ အရောင်းအ၀ယ်ဖြစ်တယ်၊ ပြန်ရောင်းတဲ့သူအများစုကလဲ လျှော့ဈေးနဲ့ ရောင်းတော့ ၀ယ်တဲ့သူတွေ စိတ်ပါလာတာလဲ ပါတယ်လို့ နေပြည်တော် ရွှေလက်ပံ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးကျော်စွာမြင့် က ပြောပါတယ်။ 

ဇမ္ဗူသီရိနဲ့ ပျဉ်မနားမြို့ပေါင်းလောင်းရပ်ကွက်က အကွက်တွေ အများစုဟာ သိန်းထောင်ချီပြီး အရောင်းအ၀ယ်ဖြစ်နေကြတာဖြစ်ပါတယ် ၀ယ်တဲ့သူ အများစုဟာ နေဖို့ အတွက် ၀ယ်တာများပြီး ရောင်းတဲ့ သူတွေကတော့ ငွေပေါ်ဖို့ အတွက် ရောင်းချကြတာ ဖြစ်ပါတယ်။ အောက်ဈေးနဲ့ အရှုံးခံပြီး ရောင်းနေတဲ့ သူတွေဟာ ငွေပေါ်ချင်လို့ ပြန်ရောင်းတဲ့ အိမ်အများစုက လူနေထိုင်မှု မရှိသလို ခမ်းနားတဲ့ အိမ်စောင့် သီးသန့် ငှါးရမ်းထားတာတွေသာ ရှိတယ်လို့ သိရပါတယ်။ 

နေပြည်တော်ရဲ့ အိမ်ခြံမြေ ဈေးနှုန်းဟာ ရန်ကုန်၊ မန္တလေးနဲက ယှဉ်ရင် ဈေးနှုန်းပိုင်းမှာ ကွာခြားမှုများ ရှိနေတာကြောင့် စီးပွားရေး လုပ်ငန်းရှင် အချို့ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြတာဖြစ်ပါတယ်။ 

အောက်ဈေးနဲ့ ပြန်ရောင်းတဲ့ သူတွေကလဲ အိမ်ခြံမြေတွေဝယ်ထားပြီး အရင်းအနှီး တစ်ခု အနေနဲ့ မြှုပ်နှံကြပေမဲ့ ငွေပေါ်ချင်လို့ ပြန်ရောင်းတဲ့ အခါမှာ ၃၅ ရာခိုင်နှုန်းခန့် အရှုံးခံပြီး ရောင်းချနေကြတာဖြစ်တယ်လို့ အိမ်ခြံမြေ လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Source: The Modern

Facebook comments