09-261334475

ြ့ပည်သူများအတွက် မြေငှားဂရန်များ နည်းမှန် လမ်းမှန်ရရှိရေးပြည်နယ်အစိုးရအဖွဲ့ မှ ကြိုးပမ်းဆောင်ရွက်ပေးသွားမည်

ပြည်သူများလက်ဝယ်သို့ ဒုတိယ အကြိမ် မြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို မယ်စဲ့မြို့နယ်ခန်းမ၌ ကျင်းပသည်။

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘက် ပေါင်းစုံမှ အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မယ်စဲ့မြို့နယ်ရှိ ပြည်သူများအတွက် ဒုတိယအကြိမ်မြောက် မြေငှားဂရန် ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ကျန်ရှိ နေသေးသော ပြည်သူများအတွက် လည်း မြေငှားဂရန်ထုတ်ပေးနိုင်ရေးစိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအတွက် မြေငှားဂရန်များ နည်းမှန် လမ်းမှန်ရရှိရေး ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က ဒုတိယအကြိမ် မြို့ မြေငှား ဂရန်ရရှိသူ ပြည်သူ ၇၂ ဦး၏လက်ဝယ်သို့ မြို့မြေငှားဂရန်များပေး အပ်ခဲ့ရာ မြေငှားဂရန်ရရှိသူ ပြည်သူ ဦးမြစန်းက ကျေးဇူးတင်စကား ပြော ကြားသည်။

အဆိုပါ အခမ်းအနားသို့ ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှို၊ နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဦးလှမျိုးဆွေ၊ ပြည်နယ်အစိုးရ အဖွဲ့ရုံးညွှန်ကြားရေးမှူး ဦးသိန်းဇော်၊ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများ၊ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများ စုစုပေါင်း ၃ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

Source : The Mirror

Facebook comments