09-261334475

မန်းအိမ်ခြံမြေ ဈေးကွက် ရောင်းသူဘက်က အလျော့ပေးလာ

စံချိန်တင် အရောင်းအ၀ယ် ကျဆင်းနေတဲ့ မန္တလေးအိမ်ခြံမြေ ဈေးကွက်မှာ အခုလပိုင်းကစလို့ အရောင်းအ၀ယ်ပြန်လိုက်စပြုနေတယ်လို့ မြို့ခံဝါရင့် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်အချို့ကပြောပါတယ်။

အထူးသဖြင့် မန္တလေးမြို့သစ်ရပ်ကွက်တွေက တန်ဖိုးအသင့်အတင့်ရှိ အိမ်ခြံမြေတွေ အရောင်းအ၀ယ်ပြန်ဖြစ်လာတာပါ။
မန္တလေးအိမ်ခြံမြေ ဈေးကွက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းကအထိ အရောင်းအ၀ယ်ရပ်လုနီးပါးဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ လယ်ခန့်မှာ အရောင်းအ၀ယ်ပြန်ဖြစ်စပြုလာတယ်၊အခုလထဲမှတော့ အရောင်းအ၀ယ်အနည်းငယ် သွက်လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်အချို့က ပြောပါတယ်။
အရောင်းအ၀ယ်က အလုပ်လေးပြန်ဖြစ်လာတယ် ၀ယ်လိုအားနဲ့ ရောင်းလိုအားနဲ့ မျှတယ်လို့ပြောရမယ် ၊ အရင်တုန်းက၀ယ်လိုအားက များပြီးတော့ ရောင်းလိုအားက မရှိတဲ့အချိန်မှာ ဈေးကွက်တွေက မတရားသဖြင့် ဈေးခေါ်လဲ အလုပ်မဖြစ်ဘူး၊ခုကျတော့ ရောင်းမယ့်ဘက်က လိုလိုချင်ချင်ရောင်းတယ် သိပ်အိုက်တင်မခံဘူး ဈေးတွေဆွဲမတင်ဘူး လို့ ဖိုးလမင်းအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးဝဏ္ဏစိုးက ပြောပါတယ်။

မန္တလေးမြို့ခံ နာမည်ကြီး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက နိုင်ငံရေးကအကောင်းဘက်ကို ပြောင်းသွားပြီဆိုရင် အခြားစီးပွားရေးအခွင့်အလမ်းတွေပေးလာတော့မယ် ၊တခြားစီးပွားရေးလုပ်ငန်းတွေမကောင်းလို့ အိမ်ခြံမြေ ဈေးကိုဝင်ဝင် လှုပ်နေတာ စီးပွားရေးသမား ၊သူကဒါကိုမြင်ပြီးအမြတ်နည်းနည်းပါးပါးရ ရောင်းတန်တာရောင်းလုပ်နေတယ် ၊အရောင်းအ၀ယ်က ၀ယ်သူဘက်က အားသာတယ် ရောင်းချင်တဲ့သူများနေတယ်လို့ပြောပါတယ်။

သူကဆက်ပြီးအရင်တုန်းက အိမ်ခြံမြေဈေး ဆိုတာက စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ဖြစ်နေတာ ၊ခုဈေးကွက်ပုံစံက တည်တည်ငြိမ်ငြိမ်လေး ပုံမှန် အရောင်းအ၀ယ်နဲ့ အလုပ်ဖြစ်နေတာလေ ခုအလုပ်ဖြစ်တာကလို့ ပြောပါတယ်။

Source: The Kumudra

Facebook comments